ယူနန်ကယ်ဆယ်ရေးအဖွဲ့ ရန်ကုန်လေဆိပ်သို့ ရောက်ရှိ

ယူနန်ကယ်ဆယ်ရေးအဖွဲ့ ရန်ကုန်လေဆိပ်သို့ ရောက်ရှိ

မြန်မာနိုင်ငံ၏ ငလျင်ဒဏ်သင့်ဒေသများသို့ အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကယ်ဆယ်ရေးအဖွဲ့ ယနေ့ ၂၀၂၅ ခုနှစ် မတ်လ (၂၉)ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်လေဆိပ်သို့ရောက်ရှိလာပြီဟု သိရသည်။ 

မတ်လ (၂၉) ရက်နေ့ နံနက် (၆) နာရီခန့်တွင် အဖွဲ့ဝင် (၃၇)ဦးပါ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကယ်ဆယ်ရေး ဆေးကုသမှုအဖွဲ့သည် ကူမင်း Changshui အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အသက်ကယ်ကိရိယာများ၊ ငလျင်ကြိုတင်သတိပေးစနစ်များ၊ ခရီးဆောင်ဂြိုလ်တုများနှင့် ဒရုန်းများ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ စုစုပေါင်း (၁၁၂)စုံ သယ်ဆောင်ပြီး မြန်မာနိုင်ငံသို့ ထွက်ခွာလာခဲ့ခြင်းသည်။

မြန်မာနိုင်ငံအတွင်း ၂၀၂၅ခုနှစ် မတ်လ(၂၈)ရက်နေ့ မြန်မာစံတော်ချိန် နေ့လယ်(၁၂)နာရီ (၅၁)မိနစ် (၀၂)စက္ကန့်အချိန်က မန္တလေးမြေငလျင်စခန်းမှ အရှေ့မြောက်ဘက် (၂၁)ကီလိုမီတာခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မန္တလေးမြို့၏ အရှေ့မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ)တွင် အင်အား ရစ်(ခ်)တာစကေး (၇.၇)အဆင့်ရှိသည့် အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်သွားသည်။

#TachileikNewsAgency