ဘုတလင်မြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅၀ ခန့် အရှင် ဖမ်းမိ

ဘုတလင်မြို့နယ်အတွင်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅၀ ခန့် အရှင် ဖမ်းမိ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်တွင် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ဝိုင်းဝန်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၅၀)ခန့် အရှင်ဖမ်းမိကြောင်း တော်လှန်ရေးတပ်များထံမှ သိရသည်။ 

ကူတော်ရဲစခန်းမှ ထွက်လာသည့် အင်အား (၁၀၀)ဝန်းကျင်ပါ စစ်ကောင်စီ စစ်ကြောင်းကို ယနေ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးတပ်များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အများအပြားသေပြီး (၅၀)ဦးခန့်ကို ဖမ်းဆီးရမိသည်ဟု သိရသည်။ 

"(၅၀)ဦးလောက် ဖမ်းမိတာပါ။ တိတိကျကျစာရင်း အရေအတွက် မထွက်သေးပါဘူး။"ဟု တော်လှန်ရေးတပ်ဖွဲ့တစ်ခုမှ ခေါင်းဆောင်တစ်ဦးက Tachileik News Agency ကို ပြောသည်။

တိုက်ပွဲကို စစ်ကောင်စီက လေကြောင်းမှ အကြိမ်ကြိမ်လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တိုက်ပွဲ သတင်းအပြည့်အစုံကို မကြာမီထုတ်ပြန်မည်ဟုလည်း သိရသည်။

#TachileikNewsAgency