ပြည်သူများ အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်သတ်ဖြတ် အကြမ်းဖက်မှုများ ခံနေရချိန်တွင် ငြိမ်နေသည့် ဦးနေဝင်း၏ မြေး ဦးကျော်နေဝင်း က ၎င်း၏ YBS ကား တစ်စီး မီးရှို့ခံရ၍ ပြင်းထန်သည့် စကားလုံးများဖြင့် သတင်းထုတ်ပြန်

ပြည်သူများ အာဏာသိမ်းစစ်တပ်၏ ပစ်ခတ်သတ်ဖြတ် အကြမ်းဖက်မှုများ ခံနေရချိန်တွင် ငြိမ်နေသည့် ဦးနေဝင်း၏ မြေး ဦးကျော်နေဝင်း က ၎င်း၏ YBS ကား တစ်စီး မီးရှို့ခံရ၍ ပြင်းထန်သည့် စကားလုံးများဖြင့် သတင်းထုတ်ပြန်
အောက်တိုဘာ 31, 2021 | အခြားဒေသများ

ပြည်သူများ အာဏာသိမ်းစစ်တပ်၏  ပစ်ခတ်သတ်ဖြတ် အကြမ်းဖက်မှုများ ခံနေရချိန်တွင် ငြိမ်နေသည့် ဦးနေဝင်း၏ မြေး  ဦးကျော်နေဝင်း က ၎င်း၏ YBS ကား တစ်စီး မီးရှို့ခံရ၍  သတင်းထုတ်ပြန်

* * * * *

နိုင်ငံတဝန်း ဒေသအသီးသီးတွင် ပြည်သူများအပေါ် အာဏာသိမ်းစစ်တပ်မှ ပစ်ခတ်သတ်ဖြတ် အကြမ်းဖက်မှုများ လုပ်ဆောင်နေချိန်တွင် ငြိမ်နေသည့် စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏မြေး ဦးကျော်နေဝင်းသည် ၎င်း၏ လုပ်ငန်းထိခိုက်မှု ဖြစ်ပေါ်လာသည့်အချိန်တွင် NUG နှင့် PDF များကို အာဏာသိမ်းစစ်တပ်၏ အသုံးနှုန်းများအတိုင်း သုံးစွဲထားသည့် ထုတ်ပြန်ချက်ကို အောက်တိုဘာလ(၃၁)ရက်နေ့ ညနေပိုင်းက ထုတ်ပြန်လာသည်။



 

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်တွင် စစ်အာဏာရှင်ဟောင်း ဦးနေဝင်း၏မြေး  ဦးကျော်နေဝင်း ပိုင်ဆိုင်သည့် Omni Focus ကုမ္ပဏီမှ YBS 20 ဘတ်စ်ကား (၁)စီး ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၃၁)ရက်နေ့ နံနက်ပိုင်းက မီးရှို့ခံရ၍ ယခုလို ထုတ်ပြန်လာခြင်း ဖြစ်သည်။

 

Omni Focus ကုမ္ပဏီမှ YBS 20 ဘတ်စ်ကား (၁)စီး မီးလောင်မှုနှင့် ပတ်သက်၍ နေရောင်ခြည်မြို့ပြ‌ပျောက်ကြားအဖွဲ့မှ လုပ်ဆောင်ခြင်း ဖြစ်ကြောင်းနှင့် ပြည်သူများထိခိုက်မှုမရှိ‌စေရန် ခရီးသည်များကိုအရင်ဆင်းခိုင်းပြီးမှသာ ဗုံးခွဲခြင်း မဟုတ်ပဲ မီးလောင်ရုံသာ မီးပုလင်းပစ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ထန်တလန်မြို့အတွက် စစ်အုပ်စု၏ပိုင်ဆိုင်မှုထဲမှ တစ်ခုကို ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု 𝐊𝐚𝐦𝐚𝐲𝐮𝐭 𝐈𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 ၏ ဖော်ပြချက်အရ သိရသည်။