လားရှိုးမြို့ ရမခ အောင်ပွဲကို ဂုဏ်ပြုသည့်အနေဖြင့် မုံရွာမြို့ နမခ အတွင်းသို့ ရှော့တိုက်ရော့ကတ်နှင့် ကာမီကာဇေဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

လားရှိုးမြို့ ရမခ အောင်ပွဲကို ဂုဏ်ပြုသည့်အနေဖြင့် မုံရွာမြို့ နမခ အတွင်းသို့ ရှော့တိုက်ရော့ကတ်နှင့် ကာမီကာဇေဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)အား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်စီးနင်းတိုက်ခိုက်နိုင်သည်ကို ဂုဏ်ပြုသည့်အားဖြင့် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) အတွင်းသို့ ရှော့တိုက်ရော့ကတ်များနှင့် ကာမီကာဇေဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း ယင်းမာပင်ခရိုင် ဗျူဟာ-၄၅ KLG PDF အဖွဲ့ထံမှ သိရသည်။

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်အား ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့ ညနေ (၄) နာရီခန့်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ရှော့တိုက်ရော့ကတ်များနှင့် ကာမီကာဇေဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် တိုင်းစစ်ဌာနချုပ်အတွင်းရှိ စစ်ကောင်စီနေအိမ် ခြောက်ခန်းတွဲ ရှော့တိုက်ရော့ကတ်ထိမှန်ခဲ့ပြီး ထိခိုက်မှုရှိခဲ့ကာ တပ်နယ်အတွင်းရှိ လျှပ်စစ်ခွဲရုံ ထိမှန်ပျက်စီးခဲ့ပြီး နမခ တပ်နယ် တခုလုံး မီးပျက်သွားခဲ့ကြောင်း KLG PDF အဖွဲ့က ဆိုသည်။

ထို့အပြင် ထပရ (၉၂၉) ရိက္ခာသိုလှောင်ရုံ ၊ ပညရ (၁၁) အရာရှိရိပ်သာနှင့် မုံရွာယာယီလေတပ်ဆွယ်ဝန်းအတွင်း ကာမီကာဇေဒရုန်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် နမခ(မုံရွာ) သို့ ရောက်ရှိနေသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွှန့်ဖေ၏ နေပြည်တော်အပြန် လေယာဉ်ခရီးစဉ်ဖျက်သိမ်းခဲ့ရပြီး ၊ နောက်နေ့ ဇူလိုင်လ (၂၆) ရက်နေ့ (၉)နာရီ (၃၇)မိနစ်ခန့်တွင် မုံရွာလေဆိပ်မှ Beech-1900D Military Transport Aircraft လေယာဉ်ဖြင့် ပြန်သွားကြောင်း NAS ထံမှ သိရသည်။

အဆိုပါတိုက်ခိုက်မှုအား ယင်းမာပင်ခရိုင် ဗျူဟာ-၄၅ KLG PDF - ကျောက်လုံးကြီးတပ်ဖွဲနှင့်အတူ Chindwin Rocket Brothers-(C.R.B) ၊ Chindwin Brothers၊ ချိုမိုင်မိုင် ကနီနှင့် Spring Guerrilla Platoon အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency