KNU ၏ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်(၂)ဦး အပါအဝင် အရပ်သား(၇)ဦး သေဆုံး

Photo: KNU
Photo: KNU
KNU ၏ ထိန်းချုပ်နယ်မြေအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးငယ်(၂)ဦး အပါအဝင် အရပ်သား(၇)ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ထိန်းချုပ်နယ်မြေ ဘူးသိုမြို့နယ်၊ ကလောဒေးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က  လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ဒေသခံကလေး (၂)ဦး အပါအဝင် (၇)ဦးသေဆုံးသွားကြောင်း KNU က ယနေ့ မတ်လ(၆)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အဆိုပါ‌ ကျေးရွာအတွင်းသို့ မတ်လ(၅)ရက်၊ ညပိုင်းက လက်နက် ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒေသခံ(၄)ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်နက်ကြီး ထိမှန်သေဆုံးသူ (၇)ဦးထဲတွင် ကလေး(၂)ဦးလည်းပါသည့်အပြင် သက်ကြီးရွယ်အိုနှင့် အမျိုးသမီးများ ပါဝင်ကြောင်း သိရသည်။