တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးရေးမူဝါဒကိုလိုက်နာကာ တိုက်ပွဲအမြန်ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ကြိုးပမ်းသွားမည်ဟု MNDAA ထုတ်ပြန် 

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးရေးမူဝါဒကိုလိုက်နာကာ တိုက်ပွဲအမြန်ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ကြိုးပမ်းသွားမည်ဟု MNDAA ထုတ်ပြန် 
ဇူလိုင် 28, 2024 | 2021 Military Coup| ရှမ်းမြောက်

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးရေးမူဝါဒကို တစိုက်မတ်မတ်လိုက်နာကာ တိုက်ပွဲအမြန်ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း MNDAAက ယနေ့  ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့တွင် ထုတ်ပြန်သည်။

လားရှိုးမြို့၏ အုပ်ချုပ်ရေးယန္တရားကို စတင်ကိုင်တွယ်လိုက်ကြောင်း၊ လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှု ကော်မတီဖွဲ့စည်းပြီး လားရှိုးမြို့၏ အုပ်ချုပ်ရေးယန္တရားနှင့် တိုက်ပွဲအပြီး ဒေသပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို တာဝန်ယူလိုက်ကြောင်း ထုတ်ပြန်ချက်တွင် ယင်းသို့ပါရှိသည်။

ထုတ်ပြန်ချက်တွင် ပုဂ္ဂလိကပိုင်ပစ္စည်းဥစ္စာများကို မကျူးလွန်ရ၊ ချိုးဖောက်ပါက စစ်ရေးအရ ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း၊ အရပ်သားနေအိမ်များကို စစ်ရေးအဆောက်အဦးအဖြစ်အသုံးပြုနေထိုင်ခြင်းမပြုရ၊ စစ်ရေးဆိုင်ရာလှုပ်ရှားမှုမဟုတ်ဘဲ အရပ်သားနေအိမ်သို့ မဝင်ရ စသည့်အချက်များလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် အရပ်သားကားများကို အတင်းအဓမ္မစေခိုင်းအသုံးပြုခြင်းမပြုရ၊ အရပ်သားထံ ငွေကြေး သို့မဟုတ် ပစ္စည်းများကောက်ယူခြင်း၊ ပို့ခိုင်းခြင်းမပြုရ၊ စစ်ရေးအုပ်ချုပ်မှုကာလအတွင်း မည်သည့်ဌာနနှင့် ပုဂ္ဂိုလ်ထံ အခွန်ကောက်ခြင်းမပြုရ၊ လူ့အခွင့်အရေးအလွန်အရေးကြီးပြီး ချိုးဖောက်ပါက စစ်ရေးအရ အရေးယူမည်ဟုလည်းပါရှိသည်။

#TachileikNewsAgency

Photo: The Kokang