KNU နယ်မြေတွင်ပြုလုပ်သည့် မွန်တပ်သင်တန်းဆင်းပွဲ TNLA တက်ရောက်

KNU နယ်မြေတွင်ပြုလုပ်သည့် မွန်တပ်သင်တန်းဆင်းပွဲ TNLA တက်ရောက်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေတွင် ပြုလုပ်သည့် မွန်ပြည်လွတ်မြောက်ရေးတပ်တော်(M.L.A)အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)မှ ဗိုလ်မှူးကြီး တားဆငည်းလေး တက်ရောက်ကြောင်း သိရသည်။

ယနေ့ ၂၀၂၄ခုနှစ် ဇူလိုင်လ (၆)ရက်နေ့တွင်ပြုလုပ်သည့် MLA တပ်ဖွဲ့၏ စစ်သင်တန်းဆင်းအခမ်းအနားကို TNLA မှ ပြင်ပမဟာမိတ်ဆက်ဆံရေးတာဝန်ခံ ဗိုလ်မှူးကြီး တားဆငည်းလေး၊ KNDO တပ်ရင်း(၆) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မန်းညွှန့်မောင်၊ ကျုံဒိုးမြို့ နယ် တွဲဖက်အတွင်းရေးမှူး စောသန်းစိုးမြင့်၊ PDF ဂဠုန်စစ်ကြောင်း ဒုစစ်ကြောင်းမှူး နိုင်စိုးဝင်းတို့ တက်ရောက်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Mon Liberation Army