ရမ်းဗြဲမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခြင်းကြောင့် ဆေးရုံနှင့်ဈေး အပါအဝင် အများအပြား ပျက်စီး ဆုံးရှုံး

ရမ်းဗြဲမြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခြင်းကြောင့် ဆေးရုံနှင့်ဈေး အပါအဝင် အများအပြား ပျက်စီး ဆုံးရှုံး

 ရခိုင်ပြည်နယ် ရမ်းဗြဲမြိုရှိ  ဆေးရုံ၊ မြို့မဈေးနှင့် လူနေအိမ်များပေါ်ကို စစ်ကောင်စီတပ်က  ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၂၀) ရက်နေ့တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဓာတ်ပုံမျာကို  ရက္ခိုင့်တပ်တော်(AA)၏ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ကက ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် ထုတ်ပြန်လာသည်။

စစ်ကောင်စီတပ်၏ ဂျက်တိုက်လေယာဉ်တစ်စီးမှ ရမ်းဗြဲမြို့နှင့် အနီးပတ်ဝန်းကျင်ကို လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပေါင် (၅၀၀) ဗုံးကဲ့သို့သော ဗုံးများဖြင့် လာရောက် ကြဲချခဲ့သည်ဟုလည်း AA က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတက်ဘက်က လာရောက်ကြဲချသည့် ဗုံးမှာ ယခင်ကြဲချသော ဗုံးနှင့် မတူဘဲ အသံပိုကျယ်လောင်သည့်အပြင် ပေါက်ကွဲအား ပိုပြင်းထန်သည့်အပြင် ပေါက်ကွဲပြီးနောက် မီးခိုးငွေ့များနှင့် ရောသွားသည့် မြေမှုန့်များသည်လည်း မြေပြင်မှ အထက်သို့ ပေ (၁၀၀) ကျော်ခန့်အထိ တက်ခဲ့သည်ဟု ဆိုသည်။

ဖျက်အားပြင်းဗုံးများဖြင့် ရမ်းဗြဲမြို့မဈေးနှင့် မြို့မဆေးရုံအနီးဝန်းကျင်များသို့လည်း (၂) ကြိမ်တိုင် လာရောက်ပစ်ချခဲ့သဖြင့် လူနေအဆောက်အဦးများ၊ ဈေးနှင့် ဆေးရုံတို့ ပျက်စီးခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။



 

ယင်းနေ့နံနက်ပိုင်းတွင်လည်း စစ်ကောင်စီ၏ဂျက်ဖိုက်တာမှ ဗုံး (၃) ကြိမ်တိုင်ကြဲချခဲ့မှုကြောင့် ရမ်းဗြဲမြို့၊ အမှတ် (၃) အင်းတောင်ရပ်ကွက်မှ သီလရှင်ကျောင်း (၁) ဆောင်မှာ မီးလောင်ပျက်စီးခဲ့ရသည်။

  ရမ်းဗြဲမြို့နှင့် အနီးပတ်ဝန်းကျင်ကို လာရောက်ကြဲချသည့် ဗုံးမှာ ယခင်ကြဲချသော ဗုံးနှင့် မတူဘဲ အသံပိုကျယ်လောင်သည့်အပြင် ပေါက်ကွဲအား ပိုပြင်းထန်သည့်အပြင် ပေါက်ကွဲပြီးနောက် မီးခိုးငွေ့များနှင့် ရောသွားသည့် မြေမှုန့်များသည်လည်း မြေပြင်မှ အထက်သို့ ပေ (၁၀၀) ကျော်ခန့်အထိ တက်ခဲ့သည်ဟု ဆိုသည်။ 

 

Photo: AA Info Desk