ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းပေါ်တွင် ရဲသုံးဦးလိုက်ပါလာသည့် ကားတစ်စီးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပစ်ခတ်ဖမ်းဆီးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းပေါ်တွင် ရဲသုံးဦးလိုက်ပါလာသည့် ကားတစ်စီးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ပစ်ခတ်ဖမ်းဆီးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
စက်တင်ဘာ 1, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းပေါ်တွင် ရဲသုံးဦးလိုက်ပါလာသည့် ကားတစ်စီးအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်ဖမ်းဆီးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

ဖရဲသီး၏ သတင်းပေးချက်အရ ၂၀၂၄ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့တွင် ကျောက်ပန်းတောင်း-မိတ္ထီလာ လမ်းပေါ်၌ ရှောင်တခင်စစ်ဆေးရာ စစ်ကောင်စီအဖွဲ့ဝင် ကားတစ်စီးအား တားဆီးစစ်ဆေးစဉ် အသာတကြည် အစစ်ဆေးမခံဘဲ ထွက်ပြေးသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်ဖမ်းဆီးရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပစ်ခတ်ဖမ်းဆီးစဉ်အတွင်း စစ်ကောင်စီအဖွဲ့ဝင်များဖြစ်သည့် ဒုရဲမှုး အောင်ကျော်ထွန်း၊ ဒုရဲအုပ် ရန်ရှင်းနှင့် တပ်ကြပ်မြတ်သူတို့ စီးနင်းလာသည့် Mark X သည် လမ်းဘေးသို့တိမ်းမှောက် ပျက်စီးခဲ့ကာ အားလုံးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပစ်ခတ်ဖမ်းစီးမှုအတွင်း BA-72 တစ်လက်၊BA-94 တစ်လက်၊ BA-93 တစ်လက်၊ ခြောက်လုံးပြူး နှစ်လက်၊ လက်ပစ်ဗုံးတစ်လုံး နှင့် ငွေသားတချို့အပါအဝင် သက်ဆိုင်ရာကဒ်များတချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မြင်းခြံခရိုင်အမှတ် (၁)တပ်ရင်း ၊မြင်းခြံခရိုင် အမှတ် (၂)တပ်ရင်း ၊ ညောင်ဦးခရိုင် အမှတ် (၁)တပ်ရင်း ၊ ကျောက်ပန်းတောင်မြို့နယ်ပကဖနှင့်LACR (မြင်းခြံ) တို့အတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency