ဒိုက်ဦးထောင်တွင် ဆေးလိပ်အခွံတွေ့သည်ဟုဆိုကာ နိုင်ကျဉ်းတစ်ဦးကို ထောင်အာဏာပိုင်များက ဦးခေါင်းနှင့် မျက်နှာအား ဖိနပ်ဖြင့်နင်းကာ ရိုက်နှက် 

ဒိုက်ဦးထောင်တွင် ဆေးလိပ်အခွံတွေ့သည်ဟုဆိုကာ နိုင်ကျဉ်းတစ်ဦးကို ထောင်အာဏာပိုင်များက ဦးခေါင်းနှင့် မျက်နှာအား ဖိနပ်ဖြင့်နင်းကာ ရိုက်နှက် 
စက်တင်ဘာ 19, 2024 | အခြားဒေသများ

ပဲခူးတိုင်း ဒိုက်ဦးအကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးထံမှ ပွတ်ချွန်းအခွံ(ဆေးလိပ် လိပ်ရာတွင်အ သုံးပြုသည့် စက္ကူစာရွက်)တွေ့သည်ဟုစွပ်စွဲ၍ ထောင်အာဏာပိုင်များက ဦးခေါင်းနှင့် မျက်နှာကို ဖိနပ်ဖြင့်တက်နင်းကာ ရိုက်နှက်မှုများပြုလုပ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ထံမှ သိရသည်။

ဥပဒေမဲ့ ရိုက်နှက်သူများမှာ အမှတ်(၅)အိပ်ဆောင်၏ အဆောင်မှုး ရဲထွဋ်ဝင်း နှင့် ဒုတပ်ကြပ် စောအောင်ကိုလေးဆိုသူတို့ဖြစ်ပြီး ရိုက်နှက်ခံရသူမှာ ပုဒ်မ(၅၀၅)ဖြင့် ထောင်ဒဏ် (၃)နှစ် မတရားချခံထားရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားအား ရိုက်နှက်မှုကို အဆောင်မှူး ရဲထွဋ်ဝင်းမှ အဓိကဦးဆောင်၍ နိုင်ငံရေးအကျဉ်းသား၏ ဦးခေါင်းနှင့် နောက်စေ့များကို စစ်ဖိနပ်ဖြင့် တက်နင်းခြင်း၊ မျက်နှာကိုစစ်ဖိနပ်ဖြင့် ကန်ကျောက်ခြင်းများအပြင် ရိုက်နှက်မှုကို ပြင်းထန်စွာပြုလုပ်ခဲ့ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသား၏ ကျောပြင်တွင် ပေါက်ပြဲပွန်းရှဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ 

နိုင်ငံရေးအကျဉ်းသားများအား ရိုက်နှက်နှိပ်စက်ခဲ့ကြသည့် အဆောင်(၅)၏ အဆောင်မှူးနှင့် ရိုက်နှက်မှူတွင် ပါဝင်ခဲ့သည့် အကျဉ်းဦးစီးဝန်ထမ်းများအား အကူးအပြောင်းကာလတွင် တရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက် ဖြစ်စဉ်မှတ်တမ်းများနှင့်တကွ စနစ်တကျသိမ်းဆည်းထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က အသိပေး ထုတ်ပြန်သည်။

#TachileikNewsAgency