အကြမ်းဖက် စစ်သား(၄၀)ဦးပါသည့် ယာဉ်ကို မြို့လှ PDF က ကြားဖြတ်တိုက်ခိုက်

အကြမ်းဖက် စစ်သား(၄၀)ဦးပါသည့် ယာဉ်ကို မြို့လှ PDF က ကြားဖြတ်တိုက်ခိုက်

ကချင်ပြည်နယ်၊ ရွှေကူမြို့နှင့် ကျောက်ကြီးရွာကြားတွင် သံခွန်တစ်စီးဖြင့်ထွက်ခွာလာသည့် အင်အား (၄၀)ကျော်ပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား ယနေ့ ၂၀၂၂ ခုနှစ် မတ်လ(၁၈)ရက်၊ နံနက် ၄ နာရီက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ သံခွန်မော်တော်ဝမ်းအတွင်းသို့ RPG တစ်လုံး ကျရောက်ထိမှန်ခဲ့ပြီး သေဆုံး၊ ဒဏ်ရာရသူရှိနိုင်သည်ဟု သိရသည်။

ယင်းအပြင် စစ်ကိုင်းတိုင်း၊ ကသာမြို့မှ အထက်ဖက်သို့ ဆန်တက်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ စစ်သင်္ဘော (၂)စီးက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် မြစ်ကြောင်းတလျှောက်ရှိ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

ယင်း သင်္ဘော (၂)စီးကို ယမန်နေ့ မတ်လ(၁၇)ရက်က မိုးတားနှင့် ကျောက်ကြီးရွာကြားတွင် ဒေသကာကွယ်ရေးတပ်များမှ ရှော့တိုက်ဒုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။