ပျူစောထီးသင်တန်းပေးပြီး လူစုနေသည့် နေရာကို PDF များက အလစ်ဝင်တိုက်၊ စကစ တပ်ဘက်က ဗိုလ် နှင့် ပျူစောထီး အပါအဝင် (၄)ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ပျူစောထီးသင်တန်းပေးပြီး လူစုနေသည့် နေရာကို PDF များက အလစ်ဝင်တိုက်၊ စကစ တပ်ဘက်က ဗိုလ် နှင့် ပျူစောထီး အပါအဝင် (၄)ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊  ထော်သာကျေးရွာအတွင်း ပျူစောထီးသင်တန်းပေးပြီး လူစုနေသည့် နေရာများကို ဒေသကာကွယ်ရေးအဖွဲ့များက အလစ်အငိုက် ဝင်ရောက်စီးနင်း တိုက်ခိုက်ရာ  စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦး နှင့် ပျူစောထီး(၃)ဦး သေဆုံးကြောင်း သိရသည်။

People's Defence Force - Kalewa ၊ Mawlaik People's Defence Force နှင့် မော်လိုက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းသည့် အဖွဲ့သည် ၂၀၂၂ခုနှစ် မတ်လ(၁၄)ရက်နေ့ နံနက်(၄)နာရီခွဲဝန်းကျင်အချိန်က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများရှိသည့်အပြင် လက်နက်များပါ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

သိမ်းဆည်းရမိသည့် လက်နက်များမှာ ကာဘိုင်သေနတ်(၅)လက်၊ ကာဘိုင်ကျည် (၈၅၀)တောင့် နှင့် ၅.၅၆ ကျည် (၃၉၀)တောင့်၊ A3 ဗုံးသီး (၂)လုံး နှင့် ဖုန်း (၆)လုံးတို့ကို သိမ်းဆည်းနိုင်ခဲပြီး ပျူစောထီးခေါင်းဆောင်၏ နေအိမ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်က ထိခိုက်မှုမရှိကြောင်း ကလေးဝ PDF က သတင်းထုတ်ပြန်ထားရှိသည်။