အရာတော်မြို့နယ် သလဲဘာရွာ ပျူစောထီးစခန်း လက်နက်ကြီးနှင့် ပစ်ခံရကာ မီးလောင်

အရာတော်မြို့နယ် သလဲဘာရွာ ပျူစောထီးစခန်း လက်နက်ကြီးနှင့် ပစ်ခံရကာ မီးလောင်

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ရှိ သလဲဘာကျေးရွာပျူစောထီးစခန်းကို ၂၀၂၄ ခုနှစ် ဧပြီလ (၆)ရက်နေ့ ညနေပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Snipe Rangers Force(Local - PDF)ထံမှ သိရသည်။

တိုက်ခိုက်မှုကြောင့် သလဲဘာရွာ ပျူစောထီးစခန်း မီးလောင်ခဲ့ပြီး ပျူစောထီးများ ထိခိုက်သေဆုံးနိုင်သည်ဟု ဆိုသည်။

ဒေသကာကွယ်ရေးတပ်များက (၆၀)မမ၊ (၈၀)မမနှင့် Rocket စုစုပေါင်း အလုံးရေ(၂၀၀)ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပျူစောထီးများဘက်ကလည်း လက်နက်ကြီးနှင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မူကို Snipe Rangers Force (Local - PDF)၊ဒေါင်းပြောက်ကျားတပ်ဖွဲ့၊ တွေ့မရှောင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ အညာမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကျောက်ပန်းတောင်း)တို့နှင့်အတူ အဖွဲ့ပေါင်း(၂၁)ဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများအနေဖြင့် မုံရွာ-ချောင်းဦး-မြင်းမူ-စစ်ကိုင်း အဝေးပြေးလမ်းမအား အရေးမကြီးလျှင် အသုံးမပြုရန်နှင့် အရေးကြီး ကိစ္စရပ်ရှိပါက အဖွဲ့အစည်းများအား ချိတ်ဆက်သတင်းပေးပို့ပြီးမှသာ သွားလာကြရန်တိုက်တွန်းထားသည်။

#TachileikNewsAgency