ပြည်မြို့နယ်တွင် ကျောင်းသားနှစ်ဦး ရေဆင်းကူးရာက ရေနစ်သေဆုံး

ပြည်မြို့နယ်တွင် ကျောင်းသားနှစ်ဦး ရေဆင်းကူးရာက ရေနစ်သေဆုံး

ပဲခူးတိုင်း ပြည်မြို့နယ် ဆိပ်ခံဘောတံတားအနီးတွင် ၂၀၂၅ ခုနှစ် မတ်လ (၁၇)ရက်နေ့ ညနေပိုင်းက ကျောင်းသား(၄)ဦး ရေဆင်းချိုးရာက (၂)ဦး ရေနစ်သေဆုံးသွားသည်ဟု ကူညီကယ်ဆယ်ပေးသူများထံမှ သိ ရသည်။

ကျောင်းသား(၄)ဦးသည် ဧရာ၀တီမြစ်အတွင်း ရေဆင်းချိုးရာက ပြည်မြို့ မြို့သစ်စျေးလမ်းနေ အသက်(၁၄)နှစ်၀န်းကျင် Grade (6)ကျောင်းသား မောင်အောင်မြတ်ထူးနှင့် Grade(10) ကျောင်းသား အသက်(၁၆)နှစ်၀န်းကျင် မောင်အောင်၀င်းတို့ နှစ်ဦး ရေစီးနှင့်မျောပါ၍ ရေနစ်သေဆုံးသည်ဟု ဆိုသည်။

“ကလေးနှစ်ယောက်လုံးက မြို့သစ်စျေးလမ်းက အိမ်နီးချင်းတွေပဲ။ အထက(၅)မှာ စာမေးပွဲဖြေပြီးခါစ ကျောင်းသားတွေ။”ဟု ကူညီကယ်ဆယ်ပေးသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

သေဆုံးသူများကို ယမန်နေ့ ညနေ(၆)နာရီကျော်တွင် ရေအနက်ပေ (၁၀၀)၀န်းကျင်၌ ရှာဖွေတွေ့ရှိခဲ့သည်ဟု ဆိုသည်

သေဆုံးရုပ်အလောင်းများအား ပရဟိတပါရမီအသင်းနှင့် နှလုံးသားမေတ္တာရှင်အသင်းတို့မှ ပြည်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

အဆိုပါ တံတားအနီးတွင် ပြီးခဲ့သည့် ဇန်န၀ါရီလ (၃၁)ရက်နေ့ကလည်း ကျောင်းသား (၂)ဦးရေနစ်သေဆုံးခဲ့သည်။

#TachileikNewsAgency

Photo:ပျူနှလုံးသား လူမှူကူညီရေးအသင်း - ပြည်မြို့