သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဇရပ်ကွင်းရဲကင်းစခန်းကို မန္တလေး PDF သိမ်း

သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဇရပ်ကွင်းရဲကင်းစခန်းကို မန္တလေး PDF သိမ်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဇရပ်ကွင်းရဲကင်းစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း မန္တလေး PDF က ဩဂုတ်လ (၁၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သပိတ်ကျင်းမြို့နယ်ရှိ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်းနှင့် လိပ်ကျရွာ တပ်စခန်းတို့ကို ထပ်မံသိမ်းပိုက်လိုက်ကြောင်းလည်း ဩဂုတ် လ (၁၀)ရက်နေ့က ထုတ်ပြန်သည်။  

ထို့အပြင် သြဂုတ်လ (၉)ရက်နေ့ကလည်း သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာတပ်စခန်း၊ ဖိုကုန်းတပ်စခန်း၊ ဝက်သေရွာတပ်စခန်းနှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိသည်ဟု ထုတ်ပြန်ခဲ့ခြင်းကြောင့် သပိတ်ကျင်းမြို့နယ်မှ စစ်ကောင်စီတပ်စခန်း(၉)ခုအထိကို သိမ်းပြီးဖြစ်ကြောင်း သိရသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် သပိတ်ကျင်းမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ထုတ်ပြန်သည်။

#TachileikNewsAgency

Photo: မန္တလေး PDF