ပခုက္ကူမြို့နယ်တွင်းရှိ ကျထိုးရဲစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေး

ပခုက္ကူမြို့နယ်တွင်းရှိ ကျထိုးရဲစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာ ထွက်ပြေး

 မကွေးတိုင်း ပခုက္ကူမြို့နယ်ရှိ ကျထိုးရဲစခန်းအတွင်းမှ စစ်ကောင်စီတပ် နှင့် ရဲအင်အား (၂၅)ဦးဝန်းကျင်သည် တော်လှန်ရေးတပ်များ၏ တိုက်ခိုက်ခြင်းကြောင့် ယနေ့ ၂၀၂၄ခုနှစ် ဩဂုတ်လ(၂၂)ရက်နေ့တွင် ထွက် ပြေးသွားကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ညောင်ကျစ်ပင်ရွာ ပျူစောထီးစခန်းသို့ ထွက်ပြေးသွားခြင်းဖြစ်ပြီး တော်လှန်ရေးတပ်များက ကျထိုးရဲစခန်းကို သိမ်းပိုက်ကာ နယ်မြေရှင်းလင်းနေကြောင်း သိရသည်။

ဩဂုတ်လ(၂၀)ရက်နေ့ကလည်း ပခုက္ကူမြို့နယ်ရှိ သာကြီးတောင်ရဲကင်းစခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား(၂)ဦး အလံဖြူထောင်ပြီး တစ်ဦးကို အရှင်ဖမ်းဆီးရမိကြောင်း မြိုင်မြို့နယ်ပကဖ က ဆိုသည်။ 

 

တော်လှန်ရေးတပ်များက သာကြီးတောင်ရဲကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ရာ စခန်းအားစီးနင်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၅)ဦးသေဆုံးကာ စစ်ကောင်စီတပ်ထံမှ G3 (၂)လက်၊ BA94 (၄)လက်၊ MA13 တစ်လက်၊ ဒရုန်းပစ်သေနတ် တစ်လက်၊ ကျည်မျိုးစုံ (၁၀၀၀)ကျော်၊ မိုင်းအမျိုးမျိုး၊ ငွေသားကျပ်သိန်း(၆၀)ကျော် တို့ကို သိမ်းဆည်းရရှိသည်ဟု သိရသည်။ 

အဆိုပါ ရဲစခန်းမှ စစ်ကောင်စီတပ်သားတချို့မှာ စခန်းမှထွက်ပြေးပြီး ကမ္မမြို့မရဲစခန်းအတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။

 

Photo- နွေဦးတော်လှန်ရေး မြိုင်မြို့