အကြမ်းဖက် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကို ခံခဲ့ရသည့် နတ်ချောင်းရွာအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့နှင့် ပြည်သူများ ပူးပေါင်းပြီး ပြန်လည် ထူထောင်ရေး စတင်

Photo: နတ်ချောင်းရွာပြည်သူ့ကာကွယ်ရေးအဖွဲ့
Photo: နတ်ချောင်းရွာပြည်သူ့ကာကွယ်ရေးအဖွဲ့
အကြမ်းဖက် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကို ခံခဲ့ရသည့် နတ်ချောင်းရွာအတွင်း ဒေသခံကာကွယ်ရေးအဖွဲ့နှင့် ပြည်သူများ ပူးပေါင်းပြီး ပြန်လည် ထူထောင်ရေး စတင်
ဇန်နဝါရီ 29, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ နတ်ချောင်းရွာအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်၏ အကြမ်းဖက်ဝင်ရောက် မီးရှို့ဖျက်ဆီးမှုများကြောင့် ပျကင်စီးခဲ့ရသည့် လမ်းတံတား နှင့် နေအိမ်များကို ဒေသကာကွယ်ရေးအဖွဲ့က သွားရောက်ပြီး ဒေသခံပြည်သူများနှင့်အတူ ပြုပြင်ပေးခြင်းနှင့် ပြန်လည်ထူထောက်ရေးများ စတင်နေကြောင်း  သိရသည်။

"စျေးဆိုင်များလဲ ဖွင့်လာကြပြီဖြစ်ပြီး ဘုန်းကြီးကျောင်းဆွမ်းပို့ခြင်း အလုပ်လေးများလဲ ပြန်စလာနိုင်ကြပြီမို့ လူနေတိတ်ဆိတ်ခဲ့ပြီး ရွာပျက်ကြီးလို ခြောက်ခြားစရာ ကောင်းအောင်အထိ ဖြစ်ခဲ့ရတဲ့ ရွာလေးလဲ ပြန်လည်အသက်ဝင်စပြုနေပြီ ဖြစ်လို့ အထူးဝမ်းသာမိပါတယ်ဗျ။ တံတားက ဆောက်လုပ်ဆဲ"ဟု နတ်ချောင်းရွာပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုသည်။

နတ်ချောင်းရွာကာကွယ်ရေးအဖွဲ့က အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ပျက်စီးခဲ့ရသည့်အတွက် အိမ်ဆောက်ပေးခြင်း၊ မီးရှို့ဖျက်ဆီးခံ အိမ်များအား သန့်ရှင်းရေး ပြုလုပ်ပေးခြင်းနှင့် တံတားဆောက်လုပ်ပေးခြင်းစတဲ့ ရပ်ရွာအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၂၉)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရှိသည်။