ရွာထဲသို့ စစ်ကောင်စီတပ်များ ဝင်လာသဖြင့် ဒေသခံများ ညတွင်းချင်း တိမ်းရှောင်နေရ

ရွာထဲသို့ စစ်ကောင်စီတပ်များ ဝင်လာသဖြင့် ဒေသခံများ ညတွင်းချင်း တိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ရေဦး - ဒီပဲယင်းနယ်စပ် ဆည်ကြီးကျေးရွာကို အာဏာသိမ်း စစ်ကောင်စီတပ်များ ယနေ့ ၂၀၂၂ခုနှစ် ဒီဇင်ဘာလ(၂)ရက်၊ ညနေပိုင်းက ဝင်ရောက်လာသည့်အတွက်  ဒေသခံများ တိမ်းရှောင်နေကြရကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးက သတင်းထုတ်ပြန်ထားသည်။

ယနေ့နံနက်ပိုင်းက ဒီပဲယင်းမြို့မှထွက်လာသော စစ်ကောင်စီတပ်အင်အား (၇၀)ခန့်သည် ညနေပိုင်းတွင် ရေဦး - ဒီပဲယင်းနယ်စပ် ဆည်ကြီးကျေးရွာကိုဝ င်ရောက်လာသောကြောင့် ရေဦးတောင်ဘက်ခြမ်းနှင့် ဒီပဲယင်းအရှေ့ခြမ်း ကျေးရွာများမှ ဒေသခံများထွက်ပြေးတိမ်း ရှောင်နေကြရခြင်းဖြစ်သည်။

အဆိုပါ စစ်ကြောင်းသည် နိုဝင်ဘာလ (၃၀)ရက်က ရေဦးမြို့မှ ထွက်လာသော စစ်ကြောင်းဖြစ်ပြီး လက်ရှိ ဆည်ကြီးကျေးရွာတွင် တပ်စွဲနေကြောင်း သိရသည်။

၎င်းအပြင် ဒီပဲယင်း-ရွှေဘိုနယ်စပ် ဆင်အင်းရွာ၊ မအူပင်၊ အင်   ကြင်းပင်၊ သဘွတ်တောကျေးရွာများကို မီးရှို့ဖျက်ဆီးလာသော စစ်ကောင်စီတပ်မှာလည်း ဒီပဲယင်း-ရွှေဘိုနယ်စပ် ထညှင်းကုန်းရွာကို ဝင်ရောက်နေ‌ကြောင်း သိရသည်။

ထို့ကြောင့် ဒီပဲယင်းအရှေ့ခြမ်း သရက်တော၊ ညောင်လှကုန်းကြီး၊ မူးခတွင်း၊ ဝဲကြီး၊ ရုံးသာ စသော ကျေးရွာများမှဒေသခံများ တိမ်း ရှောင်နေရကြောင်း သိရသည်။

 

အာဏာသိမ်းစစ်ကောင်စီတပ်သည်  ၎င်းတို့၏ လက်ကိုင်တုတ်ဖြစ်သည့် ပြည်သူ့စစ်(ပျူစောထီး)များ နှင့် ပူးပေါင်းကာ ကျေးရွာများအတွင်း ဝင်ရောက်ပြီး ဒေသခံ ရွာသူ ရွာသူများကို PDF များအား ထောက်ပံ့ပေးနေသူ အဖြစ် စွတ်စွဲကြသလို PDF များနေထိုင် ခိုအောင်းသည့် ရွာဟု ဆိုကာ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုများ ပြုလုပ်လေ့ရှိသည့်အပြင် နေအိမ်ကိုပါ မီးရှို့ဖျက်ဆီးလေ့ရှိသည့်အတွက် ဒေသခံများမှာ စစ်တပ်ဝင်ရောက်လာပါက အယုံကြည် မရှိတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရခြင်း ဖြစ်ကြောင်း ဒေသခံများထံက သိရသည်။

 

Photo: ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေး