မုံရွာမြို့နယ် မုံရွေးတိုးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်

မုံရွာမြို့နယ် မုံရွေးတိုးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်း မုံရွာမြို့နယ် မုံရွေးတိုးဂိတ်အနီး တပ်ဖြန့်နေရာယူလျှက် လမ်းသွားလမ်းလာများကို တားဆီးစစ်ဆေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း မုံရွာခရိုင် အမှတ်(၁၁)တပ်ရင်း PDF South Monywa မှ ၂၀၂၄ခုနှစ် ဇွန်လ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ချောင်းဦးမြို့နယ် မြပုလဲဂိတ်မှထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မုံရွေးတိုးဂိတ်အနီး တပ်ဖြန့်နေရာယူလျက် ခရီးသွားပြည်သူများကို တားစီးစစ်ဆေးနိုင်ရေး ဆောင်ရွက်နေစဉ် ပြည်သူ့ကာကွယ်ရေးပေါင်းတပ်ဖွဲ့များ အသင့်ပြင်ထားသည့် မိုင်းကွင်းပေါ်သို့ ရောက်ရှိချိန်၌ ပဒေသာမိုင်း (၃)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး နေရာတွင်လဲကျသေဆုံးခဲ့ပြီး ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လမ်းဘေးဝဲယာသို့ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

ပြည်သူလူထုအနေဖြင့် လမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိနေပါက ၎င်းတို့နှင့် အတတ်နိုင်ဆုံး ရှောင်ရှားသွားလာကြရန် ၊ မဖြစ်မနေခရီးသွားလာနေကြရသည့် ခရီးသွားပြည်သူများအနေဖြင့် ဂရုတစိုက်သွားလာကြပါရန်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ကြေညာချက်များအား လေးစားလိုက်နာကြပါရန် မေတ္တာရပ်ခံအပ်ကြောင်း PDF South Monywa မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် (၁၁) တပ်ရင်း People's Defence Force - South Monywa တပ်ခွဲ(၁) ၊ မုံရွာခရိုင် တပ်ရင်း (၁၁) တပ်ခွဲ (၃)၊ တပ်စု (၂) Youth Vigor Revolution Force၊မုံရွာခရိုင် တပ်ရင်း (၂၄) တပ်ခွဲ (၂)နှင့် ကနောင်မင်းသားကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency