မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာပျူစောထီးစခန်းမှ လမ်းပေါ်တက် ပိုက်ဆံကောက်နေသည့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာပျူစောထီးစခန်းမှ လမ်းပေါ်တက် ပိုက်ဆံကောက်နေသည့် ပျူစောထီးများ တိုက်ခိုက်ခံရပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ
စက်တင်ဘာ 5, 2024 | 2021 Military Coup| အခြားဒေသများ

မန္တလေးတိုင်း မြင်းခြံမြို့နယ် လယ်သစ်ကျေးရွာအတွင်းရှိ ပျူစောထီးအထိုင်စခန်းမှ လမ်းပေါ်တက်၍ အများပြည်သူကားများအား ပိုက်ဆံကောက်ခံနေသည့် ပျူစောထီးများအား သွားရောက် တိုက်ခိုက်ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း Freedom Fighter Guerrilla Force (FFGF) အဖွဲ့ထံမှ သိရသည်။

၂၀၂၄ခုနှစ် စက်တင်ဘာလ (၄) ရက်နေ့တွင်  လယ်သစ်ကျေးရွာအတွင်းရှိ ပျူစောထီး အထိုင်စခန်းမှ အင်အား (၉)ဦးခန့်ပါရှိသည့် ပျူစောထီးများအားသည် လမ်းပိုင်းပေါ်ရှိ အများပြည်သူကားများထံမှ ပိုက်ဆံကောက်ယူနေကြောင်း သတင်းရရှိသည့်အတွက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း ပျူစောထီး (၂)ဦး သေဆုံးခဲ့ပြီး ကျန်ပျူစောထီးများလည်း ထိခိုက်ဒဏ်ရာများဖြင့် ထွက်ပြေးသွားခဲ့ကာ ၎င်းတို့ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း Freedom Fighter Guerrilla Force(FFGF) အဖွဲ့က ဆိုသည်။

သိမ်းဆည်းရမိသည့် လက်နက်များမှာ ပါရီ တစ်လက်၊ Carbine နှစ်လက်၊ 7.62 ကျည် (၁၂)တောင့်နှင့် Carbine ကျည် (၃၈) တောင့်တို့ ဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား Freedom Fighter Guerrilla Force(FFGF)နှင့်အတူ Anyar Federal Task Force(AFTF)၊ 8 Stars(MGN) နှင့် Burmese Independence Army (BIA) အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency