ထားဝယ်ရှိ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် ဝန်ကြီးများအိမ်ယာကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

ထားဝယ်ရှိ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် ဝန်ကြီးများအိမ်ယာကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

တနင်္သာရီတိုင်း ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးများအိမ်ယာနှင့် အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ (၈) တို့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF ထံမှ သိရသည်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ထားဝယ်မြို့ရှိ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးကို တစ်ကြိမ် ၊ ဝန်ကြီးများအိမ်ယာကို နှစ်ကြိမ်နှင့် အမှတ် (၈)စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် စကခ (၈) ကို တစ်ကြိမ် စုစုပေါင်း (၄)ကြိမ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုများတွင် စစ်ရေးပစ်မှတ်များကို တိကျစွာ ထိမှန်ခဲ့ပြီး စစ်ကောင်စီ၏ ထိခိုက်ကျဆုံးမှုကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF က ဆိုသည်။

စစ်ဆင်ရေးဖော်ဆောင်နေသည့်အချိန်တွင် ရာသီဥတုအခြေအနေကြောင့် တော်လှန်ရေးတပ်ဖွဲ့များမှ လေယာဉ်ငယ်နှစ်စီး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်အား ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်-TPLF၊ Ba Htoo Army၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထားဝယ်ခရိုင်အမှတ် (၁) တပ်ရင်း၊ ရေဖြူ ပကဖ နှင့် TPLF Drone Team တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo:TPLF (ပုံဟောင်း)