စစ်ကောင်စီတပ်က အပစ်ရပ်စာချုပ်ချိုး‌ဖောက်ကာ TNLA တပ်စခန်းကို ဗုံးကြဲ

စစ်ကောင်စီတပ်က အပစ်ရပ်စာချုပ်ချိုး‌ဖောက်ကာ TNLA တပ်စခန်းကို ဗုံးကြဲ

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်ရှိ အပစ်ရပ်ထားသည့် TNLA တပ်စခန်းကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် (၃)ကြိမ်နှင့် ပေါင် (၅၀၀)ဗုံး တစ်ကြိမ် လာရောက်ဗုံးကြဲရာ TNLA ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA ထံမှ သိရသည်။

ယမန်နေ့ ၂၀၂၄ ခုနှစ် ဇွန်လ (၉)ရက်နေ့က မိုးမိတ်မြို့နယ် ပန်တင်ရွာနှင့် မန်ပိန်းရွာအကြားရှိ TNLA တပ်စခန်းအား နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ညနေအချိန်တွင် ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး အသုံးပြုကာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် တအာင်းတပ်မတော် TNLA ရဲဘော် (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် မိုးကုတ်၊ မိုးမိတ်ရှိ တအာင်းတပ်မတော် TNLA တပ်စခန်းများအား ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးဖြင့် ပတ်ခတ်ခြင်း၊ လေကြောင်းအသုံးပြုကာ အင်အားပြင်းလက်နက်ဖြစ်သည့် ပေါင် (၅၀၀)ဗုံး အသုံးပြုကာ လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ဇွန်လ(၁)ရက်နေ့မှ (၉)ရက်နေ့အထိ  TNLA ရှိရာသို့ လက်နက်ကြီးဖြင့် (၁၀)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA NEWS