မြိုင်မြို့နယ် သရက်ကွပျူရွာအား လေယာဉ်ဖြင့်ချပေးသည့် ရိက္ခာများ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းဆည်းရရှိ

မြိုင်မြို့နယ် သရက်ကွပျူရွာအား လေယာဉ်ဖြင့်ချပေးသည့် ရိက္ခာများ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းဆည်းရရှိ

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်းရှိ သရက်ကွ ပျူစောထီးကျေးရွာအား စစ်ကောင်စီမှ Y-12 ထောက်ပို့လေယာဉ်ဖြင့် ချပေးသည့် ရိက္ခာများ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းဆည်းရမိကြောင်း G.O.E. Revolution Force အဖွဲ့က ၂၀၂၄ ခုနှစ် သြဂုတ်လ (၃၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီမှ သရက်ကွပျူစောထီးကျေးရွာအား သြဂုတ်လ (၃၀) ရက်နေ့တွင် Y-12 ထောက်ပို့လေယာဉ်ဖြင့် ဆန်၊ ပဲ၊ ငါးခြောက်၊ ဆေးလိပ်နှင့် အသင့်စားဆန်ပြုတ်ထုတ်များ ပါဝင်သည့် ရိက္ခာအထုပ်ရေ (၅၀)ခန့် ချပေးခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ နယ်မြေရှင်းလင်းစဉ် သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ် စစ်ကောင်စီကင်းပုန်းများနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိသည်ဟု ပြန်လည်သိရကြောင်း G.O.E. Revolution Force အဖွဲ့က ဆိုသည်။

အဆိုပါ နယ်မြေရှင်းလင်း တိုက်ခိုက်မှုအား G.O.E. Revolution Force နှင့်အတူ ဓားမင်းကြီးအဖွဲ့၊ ဗိုလ်လင်းမြွေအဖွဲ့၊ ဗိုလ်စတီးအဖွဲ့ နှင့် မြိုင်ပ.က.ဖ တပ်ခွဲ (၄)တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: 𝐆𝐡𝐨𝐬𝐭 𝐨𝐟 𝐄𝐧𝐞𝐦𝐢𝐞𝐬 - 𝐆𝐎𝐄 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐅𝐨𝐫𝐜𝐞