ရေတာရှည်မြို့နယ် ရွာသစ်ကျေးရွာအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်

ရေတာရှည်မြို့နယ် ရွာသစ်ကျေးရွာအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲဖြစ်

ပဲခူးတိုင်း ရေတာရှည်မြို့နယ် ရွာသစ်ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်များကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားကြောင်း Nay Pyi Taw PDF-Battalion 901 ထံမှ သိရသည်။

ရွာသစ်ကျေးရွာအတွင်း အထိုင်ချတပ်စွဲနေထိုင်သော စစ်ကောင်စီတပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် (၇)ကြိမ် ဗုံးသီးချ တိုက်ခိုက်ခြင်း၊ (၆၀)မမ (၄)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် မြေပြင်မှ ဝန်းရံပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု ဆိုသည်။

ပူးပေါင်းတပ်ဖွဲ့ဝင်များ နံနက်(၁၀)နာရီအချိန်တွင် အထိအခိုက်အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ၊ မရှိကိုမူ မသိရသေးဟု Nay Pyi Taw PDF-Battalion 901 မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

Nay Pyi Taw PDF-Battalion 901 သည် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ရှိ တပ်ရင်းတစ်ခုဖြစ်သည်။

#TachileikNewsAgency