ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီက ညပိုင်း လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်

ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီက ညပိုင်း လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်
ဇူလိုင် 1, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ပေါ်ကို စစ်ကောင်စီတပ်က ၂၀၂၄ ခုနှစ် ဇွန်လ (၃၀)ရက်နေ့ ညပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည်။

စစ်ကောင်စီတပ်သည် ဇွန်လ (၂၅)ရက်နေ့တွင် TNLA အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲများ စတင်ခဲ့ပြီး (၃)ရက်အကြာတွင် ကျောက်မဲမြို့ပေါ် တပ်စခန်းအားလုံးကို လက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

ယင်းနောက် ဇွန်လ (၂၉)ရက်နေ့မှစ၍ ပစ်ခတ်မှုများ ငြိမ်နေခဲ့ပြီးနောက် ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့်  နေအိမ် အဆောက်အဦးများ မီးလောင်ပျက်စီးဆုံးရှုံးမှုများ ဖြစ်ခဲ့ကြောင်း  ဒေသခံများထံမှ သိရသည်။

ပုံအညွှန်း -  ၂၀၂၄ခုနှစ် ဇူလိုင်လ(၁)ရက်နေ့ နံနက်အစောပိုင်းအချိန်တွင် တွေ့မြင်ရစဉ်

 

Photo: Thaungpaw Tharlay