ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာမှ COVID 19 ပိုးတွေ့လူနာ အသက် (၆၂) နှစ်အရွယ် အမျိုးသမီးလူနာ (၁) ဦး ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့ နံနက်ပိုင်းက ကျောက်မဲပြည်သူ့ဆေးရုံတွင် ကုသမှုခံယူရင်း သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အတည်ပြုလူနာအမျိုးသမီးသည် ဇူလိုင်လ (၅) ရက်နေ့က သေဆုံးခဲ့ရသည့် အတည်ပြုလူနာနှင့် ထိတွေ့မှုရှိ၍ ဇွန်လ ( ၂၈ )ရက်နေ့တွင် စစ်ဆေးရာ COVID 19 ပိုးတွေ့သဖြင့် ယင်းနေ့ကတည်းက ကျောက်မဲပြည်သူ့ဆေးရုံတွင် ကုသမှုခံယူနေသူဖြစ်သည်။
သေဆုံးသွားသည့် အတည်ပြုလူနာကို လူမှုကူညီရေးအသင်း( ကျောက်မဲ- နာ/ ကူ ) နှင့် Five Star လူမှုကူညီရေးအသင်းတို့က အဖွဲ့ဝင်များက PPE များဝတ်ဆင်၍ နာရေးဆောင်ရွက်ပေးထားကြောင်း သိရသည်။
ကျောက်မဲတွင် ဇူလိုင် ( ၆ ) ရက်နေ့ နံနက်ထိ COVID 19 အတည်ပြုနာ ( ၃၉ ) ဦး နှင့် နောင်ပိန်ကျေးရွာတွင် အတည်ပြုလူနာ ( ၄၃ ) ဦး တို့ရှိနေပြီဖြစ်ပြီး နောင်ပိန်တိုက်နယ်ဆေးရုံနှင့် ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံတို့တွင် ကုသပေးနေပြီး သေဆုံးသူ (၂) ဦးရှိပြီဖြစ်ကြောင်း သိရသည်။