နောင်ချိုမြို့ရှိ ခမရ (၁၁၅)တပ်စခန်းမှ လက်နက်ခဲယမ်း (၃၈၀)ကျော်သိမ်းဆည်းရရှိ

နောင်ချိုမြို့ရှိ ခမရ (၁၁၅)တပ်စခန်းမှ လက်နက်ခဲယမ်း (၃၈၀)ကျော်သိမ်းဆည်းရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်၏ ခမရ(၁၁၅)တပ်စခန်းအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် MDY-PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်သိမ်းပိုက်ရာ စခန်းအတွင်းမှ စစ်ကောင်စီလက်နက်မျိုးစုံ (၃၅၀)ကျော် သိမ်းပိုက်ရရှိသည်ဟု TNLA ထံမှ သိရသည်။  

သိမ်းပိုက်ရရှိထားသည့် လက်နက်များမှာ MA-1 (၂၄)လက်၊  MA-2 (၁၃)လက်၊ MA-3 (၃၆)လက်၊  MA-4 (၃)လက်၊  M22 (၁)လက်၊ G3 (၁၀)လက်၊ ရိုင်ဖယ်သေနတ် (၁၀၃)လက်၊ ကာဘိုင်သေနတ် (၁၅၉)လက် စသည့် ချေမှုန်းရေးလက်နက် စုစုပေါင်း  (၃၄၉) လက်၊ စက်လက်အသေး (၁၁)လက်၊ MA-15 (ငါးဂျင်းမီး) (၁)လက်၊ 0.5 (၁)လက်၊ M79 (၁)လက်၊ (၈၁)မမ (၁)လက်၊ (၈၁)မမ (နောက်ပွင့်) (၂)လက်၊ RPG-7 (၄)လက်၊ (၆၀)မမ (၂)လက်၊ ပြောင်းသေး(၆၀)မမ (၁၀)လက် ၊ လက်နက်ငယ် ကျည်အမျိုးမျိုး (၅၀,၀၀၀)ကျော်၊ RPG 60/80 mm ကျည်အမျိုးမျိုး (၅၀၀)ကျော်၊ ဗုံးသီး၊ မိုင်းနှင့် စကားပြောစက်များ ပါဝင်သည်ဟု သိရသည်။

ဇွန်လ (၂၆)ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့သည့် နောင်ချိုမြို့ ကံ့ကော်တပ်စခန်းနှင့် အခြားတပ်စခန်းမှလည်း လက်နက်မျိုးစုံ (၅၀)ကျော်ကိုလည်း သိမ်းဆည်းရရှိထားသည့်အပြင် လက်နက်ချအလင်းဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇)ဦးနှင့်အတူ လက်နက်မျိုးစုံ (၅၀)ကျော်ပါ သိမ်းဆည်းရရှိထားသည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News