တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီမှ လေကြောင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီမှ လေကြောင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီမှ လေကြောင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီမှ လေကြောင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီမှ လေကြောင်း ၊ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ကြောင်း တနင်္သာရီမြို့နယ် ပကဖ သတင်းနှင့်ပြန်ကြားရေးထံမှ သိရသည်။

တနင်္သာရီမြို့နယ် ပဝရွာနှင့် သာရဖုံရွာတို့ကို စစ်ကောင်စီမှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ နေ့လယ် (၂) နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများ၏ နေအိမ်များကို ပစ်မှတ်ထား၍ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီမှ K8w-Jet fighter အမျိုးအစားကို အသုံးပြု၍ ပဝရွာနှင့် သာရဖုံရွာတို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူများ၏ နေအိမ်တစ်ချို့ ထိခိုက်ပျက်စီးခဲ့ကာ ဒေသခံ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး (မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဗုံးကြဲတိုက်ခိုက်မှုတွင် ဗုံးသီး (၁၈)လုံးထက်မနည်း ကြဲချခဲ့ပြီး တနင်္သာရီမြို့နယ် မော်တုန်း(အရှေ့)ရွာအခြေစိုက် အမှတ်(၃၀၆) အမြောက်တပ်ရင်းမှ ၁၂၀ မမ ဟုယူဆရသည့် လက်နက်ကြီးနှင့်လည်း တဆက်တည်း တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီမြို့နယ် ပကဖ မှဆိုသည်။

ပြီးခဲ့သည့် ဇွန်လ (၂၇)ရက်နေ့ကလည်း စစ်ကောင်စီသည် တနင်္သာရီမြို့နယ်အတွင်းရှိ ကျွဲထိန်းကုန်းရွာနှင့် အနီးတဝိုက်ကို ဂျက်ဖိုက်တာ (၂)စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူများ၏ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ကာ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီ၏ ပြည်သူများနေထိုင်သည့် ကျေးရွာအတွင်းသို့ ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ဒေသခံများ စိုးရိမ်ပူပန်လျှက်ရှိကြောင်း သိရသည်။

#TachileikNewsAgency

Photo: ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့