မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်းတွင် စခန်းစွန့်ခွာထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF) မှ သတင်းထုတ်ပြန်သည်။
ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်း တစ်နေရာတွင် စခန်းစွန့်ခွာထွက်ပြေးလာသည့် တပ်မ (၉၉)မှ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅)ဦးနှင့် အရှိုချင်းကာကွယ်ရေးတပ် (ACDF) မှ တပ်စိတ် (၂)စိတ်တို့ဖြင့် ဇန်နဝါရီလ (၁၉)ရက်နေ့ ညနေ (၄)နာရီမှ စတင်ပြီး (၅)နာရီ (၁၅)မိနစ်အထိ အချိန်တစ်နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၃)ဦး သေဆုံးပြီး MA-1 သေနတ် (၃)လက် ၊ ကျည်ဆန်နှင့် ကျည်အိမ်များ သိမ်းဆည်းရမိကြောင်း အရှိုချင်းကာကွယ်ရေးတပ် (ACDF) က ထုတ်ပြန်သည်။
#TachileikNewsAgency
#TNA_LE
Photo: Asho Chin Defence Force - ACDF