အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မိန့်ခွန်းပြောပြီးနောက် TNLA က ကျောက်မဲမြို့ကို သိမ်းပိုက်

Photo:   Shwe Phee Myay News Agency
Photo: Shwe Phee Myay News Agency
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မိန့်ခွန်းပြောပြီးနောက် TNLA က ကျောက်မဲမြို့ကို သိမ်းပိုက်

 ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ကို တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော်(TNLA)က  ၂၀၂၄ခုနှစ် ဩဂုတ်လ(၅)ရက်နေ့တွင် ထပ်မံသိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

   Shwe Phee Myay News Agency

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယမန်နေ့ညပိုင်းတွင် တနိုင်ငံလုံးကို မိန့်ခွန်းပြောကြားပြီးနောက် TNLA က ကျောက်မဲမြို့ကို ထပ်မံ သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

 TNLA သည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ကျောက်မဲမြို့ကို စတုထ္တမြောက် မြို့အဖြစ် သိမ်းပိုက်လိုက်ခြင်းဖြစ်ရာ လက်ရှိတွင်  နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့များကိုလည်း သိမ်းပိုင်ထားပြီးဖြစ်သည်။

ကျောက်မဲမြို့ရှိ အာဏာသိမ်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်းများဖြစ်သည့် အမှတ် ၅၀၁ နှင့် ၅၀၂ တပ်စခန်းများကို TNLA နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် ည(၁၀)နာရီဝန်းကျင်တွင် မြို့ကိုပါ သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း Shwe Phee Myay News Agency ကလည်း ယနေ့ ဩဂုတ်လ(၆)ရက်နေ့တွင် ဖော်ပြထားရှိသည်။ 

အဆိုပါ မြို့သိမ်းတိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ တအာင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော်(TNLA)ဘက်က ယနေ့ နံနက်(၁၁)နာရီ အချိန်အထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

 

Photo:   Shwe Phee Myay News Agency