လသာမြို့နယ် ၁၉ လမ်းရှိ Black House Bar အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ

လသာမြို့နယ် ၁၉ လမ်းရှိ Black House Bar အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခံရ

ရန်ကုန်မြို့ လသာမြို့နယ် (၁၉) လမ်းရှိ Black House Bar အား စစ်ကောင်စီ၏ စီးပွားရေးဆိုင်ရာ ပစ်မှတ်အဖြစ် သတ်မှတ်၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ကြောင်း Urban Special Ranger Force မှ ၂၀၂၄ခုနှစ် ဇူလိုင်လ (၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

လသာမြို့နယ် (၁၉) လမ်းရှိ Black House Bar အား ဇူလိုင်လ (၂၁)ရက်နေ့ ညဆယ်နာရီခွဲခန့်တွင် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ Bar သည် စစ်ကောင်စီနှင့် ဆက်နွယ်နေသည့် အသိုင်းအဝိုင်းမှ လူများ သောက်စားရာနေရာဖြစ်ပြီး မူးယစ်ဆေးဝါးများ ရောင်းချရာနေရာဟုလည်း သတင်းရရှိထားသည့်အတွက် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း Urban Special Ranger Force မှ ဆိုသည်။

၂၀၂၄ ခုနှစ် မေလ (၃၁) ရက်နေ့ကလည်း Urban Special Ranger Force ၏ မြို့ပြအကြမ်းဖက်တိုက်ဖျက်ရေး စစ်ဆင်ရေးအဖြစ် မဂ်လာဈေး အရှေ့ရှိ စစ်တပ်ဘန်ကာနှင့် တာမွေဗလီအနီးရှိ စစ်တပ်ဘန်ကာတို့အား အသေးစားဖောက်ခွဲရေးပစ္စည်းများနှင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Urban Special Ranger Force သည် ၂၀၂၁ခုနှစ် မေလ (၂)ရက်နေ့မှ စတင်၍ စစ်ကောင်စီအား လက်နက်ကိုင် တော်လှန်ခဲ့ပြီး မြို့ပြများနှင့် ကျေးရွာများတွင် လည်းကောင်း တိုင်းရင်းသားနယ်မြေ (တပ်မဟာ)များတွင် လည်းကောင်း စစ်ကောင်စီ၏ အုပ်ချုပ်ရေး၊ စစ်ရေး နှင့် စီးပွားရေး ထောက်တိုင်များ၊ စစ်ကောင်စီ၏ ယန္တရားလည်ပတ်စေရန် ကြိုးပမ်းဆောင်ရွက်နေသူများအား တိုက်ခိုက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

#TachileikNewsAgency