စစ်ကိုင်း တပ်မ ၃၃ မှ ထွက်လာသည့် စစ်ယာဉ်တန်းနှင့် မိုင်းရှင်းရန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်

စစ်ကိုင်း တပ်မ ၃၃ မှ ထွက်လာသည့် စစ်ယာဉ်တန်းနှင့် မိုင်းရှင်းရန်လာသည့် စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်များ ကြားဖြတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ တပ်မ (၃၃) မှ ထွက်လာသည့် စစ်ယာဉ်တန်းနှင့် မိုင်းရှင်းရန်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ကြားဖြတ်တိုက်ခိုက်ကြောင်း Phoenix-Sagaing အဖွဲ့ထံမှ သိရသည်။

စစ်ကိုင်းမြို့ တပ်မ (၃၃) မှ ထွက်လာသည့် စစ်ယာဉ်တန်းအား ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၃)ရက်နေ့ နေ့လယ် (၁၁)နာရီခွဲခန့်တွင် အုန်းတော ဖွံဖြိုးရေး တက္ကသိုလ်အနီး ရေမျက်လမ်းခွဲ၌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှု ဆောင်ရွက်ပြီးနောက် အဆိုပါ နေရာအား မိုင်းရှင်းလင်းရန်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ထပ်မံကြားဖြတ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Phoenix-Sagaing အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၂)ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားသော်လည်း Tachileik News Agency အနေဖြင့် သီးခြားအတည်မပြုနိုင်ပါ။

တိုက်ခိုက်မှု ဆောင်ရွက်နေစဉ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၁)ဦး ကျဆုံးပြီး ၊ (၂)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအား Phoenix (Sagaing)၊ စစ်ကိုင်းမြို့နယ်(ပကဖ)၊ Generation z Power - GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျားတပ်ဖွဲ့၊ Taw Twin Tup Pee (LDF) နှင့် BRA (LDF) အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

#TNA_LE

Photo: Phoenix-Sagaing