အရာတော်မြို့နယ် အမြောက်တပ် ၃၆၉ တပ်ရင်းသို့ လူနာများသယ်ဆောင်လာသည့် စစ်တပ်စစ်ကြောင်းအား Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်

အရာတော်မြို့နယ် အမြောက်တပ် ၃၆၉ တပ်ရင်းသို့ လူနာများသယ်ဆောင်လာသည့် စစ်တပ်စစ်ကြောင်းအား Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်အခြေစိုက် သစ်ကျင်းကြီး အမြောက်တပ် (၃၆၉) တပ်ရင်းသို့ လူနာများသယ်ဆောင်လာသည့် စစ်တပ်စစ်ကြောင်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ Rocket များဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

အရာတော်မြို့နယ်အခြေစိုက် သစ်ကျင်းကြီး အမြောက်တပ် (၃၆၉) တပ်ရင်းသို့ လူနာများသယ်ဆောင်လာသည့် စစ်ကောင်စီစစ်ကြောင်းအား ဇူလိုင်လ (၂၇) ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ Rocket (၆) လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း Rocket (၄) လုံးသည် ပစ်မှတ်သို့ရောက်ရှိခဲ့ပြီး (၁)လုံးသည် ဗဟိုကင်းသို့ ကျရောက်ခဲ့ကာ နောက် (၁) လုံးသည် လူပျိုဆောင်သို့ကျရောက်၍ ကျန် (၂)လုံးမှာ တပ်တွင်းသို့ကျရောက်ခဲ့သည်ဟု အနီးပတ်ဝန်းကျင်မှ သတင်းပြန်လည်ကြားသိရကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့မှ ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအား သပြေညိုပြောက်ကျားတပ်ဖွဲ့ ၊ မိုင်းမင်းသား ပြောက်ကျားတပ်ဖွဲ့ ၊Danger Force ပြောက်ကျားတပ်ဖွဲ့နှင့် ကျောက်နဂါးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူများအားဖြည့် ပေးအပ်ထားသည့် အလှူငွေများဖြင့် Rocket များ ဆက်လက်ထုတ်လုပ်နေပြီး ၊ အဆိုပါ Rocket များဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့မှ အသိပေးသည်။

#TachileikNewsAgency