ကျောက်ဆည်ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး (၂)လုံးဖြင့် ဖောက်ခွဲ

 ကျောက်ဆည်ခရိုင်အုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံး (၂)လုံးဖြင့် ဖောက်ခွဲ

 ကျောက်ဆည်ခရိုင်အုပ်ချုပ်ရေးမှူးရုံးအား ယနေ့ မတ်လ(၃)ရက်နေ့ နံနက်ပိုင်းက ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ လက်ပစ် ဗုံး(၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်လာသည်။

အဆိုပါ ခရိုင်ထွေအုပ်ရုံးတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ အခိုင်အမာ တပ်စွဲထားသည့် နေရာဖြစ်ကြောင်း သိရသည်။

မတ်လ(၂)ရက်နေ့ကလည်း စဉ့်ကိုင်မြို့နယ်၊ မြောက်ကျောက်မိုင်းကျေးရွာ အနောက်ဘက်ရှိ အာဏာသိမ်းစစ်အုပ်စု၏ ဝင်ငွေရလမ်းကြောင်းဖြစ်သော Mytel တာဝါတိုင်အတွင်းရှိ စက်(၃)လုံးအား ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ မိုင်းအကြီး(၃)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

ဖေဖော်ဝါရီလ(၂၈)ရက်တွင်လည်း ရန်ကုန်၊ မန္တလေး(အမြန်လမ်း) အတိုင်း‌မောင်းနှင်လာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ထောက်ပို့ယာဥ်တစ်စီး မန္တလေးသို့ ဦးတည်မောင်းနှင်သွားကြောင်းသတင်းရသဖြင့် အမြန်လမ်းမိုင်တိုင် ၃၃၃၊ ၁ ဖာလုံအရောက်တွင် ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)မှ မိုင်းဆွဲတိုက်တိုက်ခဲ့သေးကြောင်း သိရှိရသည်။