ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံသို့ ရောက်ရှိ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံသို့ ရောက်ရှိ
ဧပြီ 24, 2023 | အခြားဒေသများ

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံသို့ ၂၀၂၃ခုနှစ် ဧပြီလ(၂၃)ရက်နေ့၏ ညနေပိုင်းက ရောက်ရှိလာကြောင်း သိရသည်။

အစိုးရမဟုတ်သည့် အဖွဲ့အစည်းဖြစ်သည့် The Elders ၏ ဒုတိယ ဥက္ကဌ ဖြစ်သူ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံသို့  လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိလာကြောင်းကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားသော်လည်း မည်သည့် ကိစ္စဖြင့် ရောက်ရှိလာသည်ကိုတော့ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

၎င်း၏ ခရီးစဉ်အတွင်း  ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မတွေ့ကိုတော့ မသိရသေးသော်လည်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမည်ဟု သိရသည်။