အရာတော်မြို့နယ်အတွင်း သစ်ကျင်းကြီး စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၇)ဦး သေဆုံး

Photo: ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)
Photo: ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)
အရာတော်မြို့နယ်အတွင်း သစ်ကျင်းကြီး စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၇)ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာရှိ စစ်ကောင်စီစခန်းကို ဧပြီလ(၁)ရက်နေ့ နေ့လည်(၁)နာရီဝန်းကျင်အချိန်က ဒေသကာကွယ်ရေးအဖွဲ့ တပ်ပေါင်းစုက သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စခန်းသိမ်းတိုက်ပွဲတွင် ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) နှင့် အတူ သပြေညို၊ FALCON FORCE၊ အရာတော်ဘုန်းနိုင် နှင့် ပတ္တမြားညီနောင် စသည့် တပ်ပေါင်းစုအဖွဲ့က လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာမှ စစ်ကောင်စီတပ်သား (၇)ဦး သေဆုံးသွားပြီး (၅)ဦး ဒဏ်ရာရရှိကြောင်း သိရသည်။

"တိုက်ပွဲဖြစ်ပွားချိန် (၂)နာရီကျော် ကြာမြင့်ခဲ့ပြီး စခန်းအားသိမ်းနိုင်ခဲ့သလို ဆိုင်ကယ်(၃)စီးသိမ်းဆီးရမိခဲ့ကာ ၎င်းတို့အသုံးပြုနေသော လူနာတင်ယာဉ်မှာ လက်နက်ကြီးထိမှန်ပျက်စီး မီးလောင်ကျွမ်းခဲ့ပါသည်။"ဟု  ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) က ဧပြီလ(၂)ရက်နေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်လာခြင်း ဖြစ်သည်။