မြိုင်မြို့နယ်အတွင်း ရိက္ခာရှာထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်

မြိုင်မြို့နယ်အတွင်း ရိက္ခာရှာထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF ပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ်အတွင်း ရိက္ခာရှာထွက်လာသည့် စစ်ကောင်စီတပ်သားများအား PDF ပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ကြောင်း Young Force UG ထံမှ သိရသည်။

မြိုင်မြို့နယ် ကိုင်းတောမရေစက်၏ အနောက်ဘက်မီတာ (၇၀) အကွာ ပုသိမ်-မုံရွာလမ်းမကြီးတစ်နေရာတွင် ရိက္ခာရှာထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့တွင် PDF ပူးပေါင်းတပ်ဖွဲ့များမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၁) ဦး သေဆုံးပြီး (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Young Force UG မှ ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို မြိုင်ပကဖ၊ Pakokku People's Defense Force၊ Earthquake People's Defence Force ၊ မဟာမိတ်တပ်ပေါင်းစု (MUGDF ၊ James Bond ၊ ဇာမဏီပြောက်ကျားတပ်ဖွဲ့)၊ Justice Revolution Force၊ ဝံပုလွေအဖွဲ့၊ Hunter PKU ၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (၂) မှ Thurain-TR ၊ Shwe Nyar Myae PDF ၊ Pakokku Ranger နှင့် Young Force အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

#TachileikNewsAgency