ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ် ဗဟိုလမ်းပေါ် ရှိ Apollo Hotel အနီးတွင် စစ်ထောက်လှမ်းရေး ဗိုလ်မှူး ဇေယျာမင်းကို တော်လှန်ရေးအဖွဲ့များက ပစ်ခတ်လိုက်သည်ဟု Yangon Phoenixက ယနေ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါ ဟိုတယ်၌ စစ်တပ်အသိုင်းအဝိုင်းက မင်္ဂလာဆောင်တစ်ခုကို ပွဲလာတက်သည့် စစ်ထောက်လှမ်းရေး ဗိုလ်မှူးဇေယျာမင်းကို Yangon Phoenix နှင့် Together Urban Force တို့က ပူးပေါင်း ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“စရဖ ဗိုလ်မှူး ဇေယျာမင်းကို ကျွန်ုပ်တို့ Yangon Phoenix နှင့် Together Urban Force တို့မှ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်အတွင်း ပစ်ခတ်ရှင်းလင်းလိုက်ကြောင်း ပြည်သူများကို အသိပေးထုတ်ပြန်အပ်ပါသည်။” ဟု Yangon Phoenix က ထုတ်ပြန်ထားသည်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဟိုတယ်ဝန်းကျင်ကို စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။
#TachileikNewsAgency
Photo: Internet (ပုံဟောင်း)