ပဲခူးရိုးမအတွင်းရှိ သစ်ခိုးထုတ်သူများအား လိုအပ်သည့် အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း PDF အသိပေး

ပဲခူးရိုးမအတွင်းရှိ သစ်ခိုးထုတ်သူများအား လိုအပ်သည့် အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း PDF အသိပေး

ပဲခူးတိုင်း ၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိ ကျွန်းနုပင်များအား ခုတ်ယူပြီး သစ်ခိုးထုတ်သူများအား လိုအပ်သည့် အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ ၊ တပ်ခွဲ (၄) မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုက အသိပေးထားသည်။

ပဲခူးရိုးမအတွင်းရှိ စစ်ဆင်ရေးနယ်မြေအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ နယ်မြေရှင်းလင်းရေး ကင်းလှည့်နေစဉ် ၂၀၂၄ခုနှစ် သြဂုတ်လ (၁၅)ရက်နေ့ နံနက် (၁၀) နာရီခန့်တွင် ဂမုန်းကြိုးဝိုင်း အကွက်အမှတ် (၅၆) နှင့် (၅၇)တွင် ကျွန်းနုပင်များအား ခုတ်ယူ၍ သယ်ဆောင်နေသည့် သစ်ခိုးထုတ်သူများအား တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ သစ်ခိုးထုတ်နေသူများအား ကျွန်းနုပင်များအား ထပ်မံခုတ်ယူခြင်းမပြုလုပ်ရန် သတိပေး၍ ပြန်လည်လွှတ်ပေးခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုအဖွဲ့က ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် စစ်ကောင်စီကိုတိုက်ထုတ်ရုံသာမက သစ်တောသယံဇာတများကိုလည်း ကာကွယ်ထိန်းသိမ်းရန် တာဝန်ရှိသည့်အတွက် ပဲခူးရိုးမအတွင်းရှိ ကျွန်းနုပင်များအား ခိုးထုတ်ခြင်းမပြုလုပ်ရန်နှင့် ပြုလုပ်ပါက လိုအပ်သည့် အရေးယူမှုများ ပြင်းပြင်းထန်ထန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့ - အုတ်ဖိုအဖွဲ့က အသိပေးသည်။

#TachileikNewsAgency

Photo: သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့