တောင်ဥက္ကလာရှိ ရပ်ကွက်တစ်ခုတွင် အာဏာသိမ်းစစ်တပ်က တစ်ရက်အကြာ တပ်စွဲစောင့်ဆိုင်းပြီး လူငယ်နှစ်ဦးကို စစ်ကြောရေးသို့  ဖမ်းဆီးသွား

တောင်ဥက္ကလာရှိ ရပ်ကွက်တစ်ခုတွင် အာဏာသိမ်းစစ်တပ်က တစ်ရက်အကြာ တပ်စွဲစောင့်ဆိုင်းပြီး လူငယ်နှစ်ဦးကို စစ်ကြောရေးသို့  ဖမ်းဆီးသွား
ဇန်နဝါရီ 10, 2022 | အခြားဒေသများ

ရန်ကုန်၊ တောင်ဥက္ကလာမြို့နယ်ရှိ ရပ်ကွက်တစ်ခုတွင် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၇) ရက်နေ့ ညပိုင်းက အာဏာသိမ်းစစ်တပ်၏ စစ်ကား (၇)စီးဝင်လာပြီး နောက်တစ်နေ့အထိ တစ်နေရာတွင် အထိုင်ချစောင့်ဆိုင်းကာ လူငယ် (၂) ဦးကို  ဖမ်းဆီးသွားသည်ဟု သိရသည်။

အဲဒီနေ့ညက စစ်ကားတွေ ဖြတ်သွားတာတွေ့လိုက်တယ်။ နောက်တစ်နေ့အထိ အဲဒီအဖွဲ့က ပြန်မသွားဘဲ ရပ်ကွက်ထဲရှိနေတာ။ လူငယ် (၂)ယောက်ကိုလည်း ဖမ်းသွားတာ တွေ့လိုက်ရတယ်။  ဘာကြောင့်လဲတော့ မသိဘူး။ အနီးဝန်းကျင်လည်း မမေးရဲဘူး

ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဖမ်းဆီးသွားသည့် လူငယ်(၂)ဦးကိုလည်း စစ်ကြောရေးသို့ ခေါ်ဆောင်သွားသည်ဟု သိရသည်။

အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်က ဖမ်းဆီးရေးများတွင် အဓိကလုပ်ဆောင်လာရာ ဖမ်းဆီးခံရသူများမှာ ဥပဒေနှင့်အညီ အကာအကွယ်ရပိုင်ခွင့်များဆုံးရှုံးကြရပြီး အချို့မှာ အာဏာသိမ်းအဖွဲ့၏ စစ်ကြောရေးတွင် သေဆုံးကြရသည့်အခြေအနေများကို ရင်ဆိုင်နေကြရသည်။

 #TachileikNewsAgency