ပခုက္ကူမြို့နယ် လေယာဥ်ကွင်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များ ဝင်ပစ်

ပခုက္ကူမြို့နယ် လေယာဥ်ကွင်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များ ဝင်ပစ်

မကွေးတိုင်း ပခုက္ကူမြို့နယ် လေယာဥ်ကွင်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၄ ခုနှစ် ဩဂုတ်လ(၁၅)ရက် နေ့တွင် ၀င်ပစ်ရာ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရရှိကြောင်း Southern YSO PDF ထံမှ သိရသည်။

ပခုက္ကူလေယာဉ်ကွင်း ပြန်လည်ပြုပြင်ရေးစီမံကိန်းကြောင့် လေယာဉ်ကွင်းအနီးရှိရွာတွင် အင်အား (၁၀၀)ကျော်ဖြင့် တပ်စွဲနေသော စစ်ကောင်စီတပ်ကို ယနေ့ နံနက်(၁၀)နာရီခွဲတွင် Southern YSO PDF အဖွဲ့၏ နတ်မိချောင်းစစ်ဆင်ရေး စစ်ကြောင်းမှ ဦးစီးကာ ပူးပေါင်းမဟာမိတ်များက ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း သိရသည်။ 

ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား(၃)ဦးသေပြီး ၎င်းတို့ထံမှ G3 သေနတ်တစ်လက်၊ MA 11 တစ်လက်တို့ကို သိမ်းဆည်းရရှိကြောင်း သိရသည်။

  

တိုက်ခိုက်မှုကို Southern YSO PDF၊ ဒေါင်းညီနောင်၊ Yesagyo Revolution Force (YRG)၊ King Cobra၊ ပြည်သူ့အားမာန် PDF၊ ရင်း(၁၆) တပ်ခွဲ(၃)တို့က ပူးပေါင်းလုပ်ဆောင်သည်ဟု သိရသည်။

#TachileikNewsAgency