သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်

သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီမှ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကောင်စီမှ လေကြောင်းဖြင့် (၇)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုမှ ၂၀၂၄ ခုနစ် မေလ (၁၁) ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

၂၀၂၄ ခုနစ် မေလ (၅) ရက်နေ့ ညနေ လေးနာရီခွဲခန့်တွင် သံတောင်ကြီးမြို့နယ်အတွင်းရှိ ဘဲခလေးခိုကျေးရွာအတွင်းသို့ လေကြောင်းမှ (၅) ကြိမ်တိုက်ခိုက်ခဲ့ပြီး ၊ သေ့ခူဒဲကျေးရွာအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု (၂)ကြိမ် ပြုလုပ်ခဲ့ကြောင်း KNUမှ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘဲခလေးခိုကျေးရွာမှ ကလေးငယ် (၁)ဦး အသက်ဆုံးရှုံးခဲ့ရပြီး အရပ်သား (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကာ၊ သေ့ခူဒဲကျေးရွာမှ ဘုရားကျောင်းတစ်ကျောင်းနှင့် ၎င်းအနီးရှိ အဆောက်အဦးများ ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် မကြာခဏဆိုသလို ကရင်ပြည်နယ်အတွင်းရှိ KNU ထိန်းချုပ်နယ်မြေများတွင် တော်လှန်ရေးတပ်ဖွဲ့များရှိနေသည်ဟု သံသယဖြင့် ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်းများ စဉ်ဆက်မပြတ် လုပ်ဆောင်နေကြောင်းသိရသည်။

#TachileikNewsAgency

Photo: KNU