မန္တလေးမြို့၏ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ရုံးခန်းကို အာဏာသိမ်းစစ်ကောင်စီက ချိတ်ပိတ်

Photo: မဟာ လူမှုကယ်ဆယ်ရေးအဖွဲ့
Photo: မဟာ လူမှုကယ်ဆယ်ရေးအဖွဲ့
မန္တလေးမြို့၏ မဟာလူမှုကယ်ဆယ်ရေးအဖွဲ့ရုံးခန်းကို အာဏာသိမ်းစစ်ကောင်စီက ချိတ်ပိတ်
ဖေဖော်ဝါရီ 10, 2022 | အခြားဒေသများ

 မန္တလေးမြို့မှ "မဟာ လူမှုကယ်ဆယ်ရေးအဖွဲ့"၏ ဒုဥက္ကဌ အပါအဝင် (၈)ဦးကို အာဏာသိမ်းကောင်စီတပ်များက ယမန်နေ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ (၉) ရက်နေ့တွင် ဖမ်းသွားပြီးနောက် ဖေဖေါ်ဝါရီလ (၁၀) ရက်နေ့တွင် အသင်းရုံးခန်းကို ချိတ်ပိတ်ခံလိုက်ရကြောင်း အဆိုပါ အသင်းက အသိပေးထားရှိသည်။ 

PDF နှင့် ပတ်သက်၍ဟု စွပ်စွဲကာ အသင်းရုံး၏ မြေနေရာနှင့် အဆောက်အဦကို နိုင်ငံပိုင်သိမ်းသည်ဟု အာဏာသိမ်းအဖွဲ့က ဗီနိုင်းလာကပ်သွားခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီ တပ်နှင့်ရဲတို့က ဖေဖော်ဝါရီလ(၈)ရက်နေ့  နှင့် (၉)ရက်နေ့များတွင် အသင်းရုံးကို  ဝင်ရောက်စစ်ဆေးပြီး မဟာ လူမှုကယ်ဆယ်ရေးအဖွဲ့၏ ဒုဥက္ကဌ နှင့် တွဲဖက်အတွင်းရေးမှူး (၂)ဦး အပါအဝင် စုစုပေါင်း (၈)ဦးကို ဖမ်းဆီးထားပြီး ဥက္ကဌနှင့် ကျန်အဖွဲ့ဝင်အချို့လည်း စစ်ဆေးခံခဲ့ကြရခြင်းဖြစ်သည်။

ယင်းကဲ့သို့ ဖမ်းဆီးမှုများကြောင့် အသင်း၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ရက်အကန့်အသတ်မရှိ ခေတ္တရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့က ဖေဖော်ဝါရီလ(၉)ရက်နေ့တွင် အသိပေးထားပြီးနောက် ချိတ်ပိတ်ခံလိုက်ရသည့်အတွက် အသင်း၏ လုပ်ငန်းများကို ရပ်နားလိုက်ရပြီဖြစဟ်ကြောင်း အဆိုပါ အသိပေး အသိပေးထားခြင်း ဖြစ်သည်။

 "မဟာ လူမှုကယ်ဆယ်ရေးအဖွဲ့"သည် မန္တလေးမြို့တွင် ပြည်သူများ၏ သာရေး၊ နာရေး၊ ကျန်းမာရေး ကူညီမှုများကို (၂၄)နာရီ အခမဲ့ ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့ဖြစ်သည်။