မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းမှ ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းအား PDF ပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်

မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းမှ ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းအား PDF ပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်

မကွေးတိုင်း ပခုက္ကူခရိုင် မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းမှ ရိက္ခာပို့ပြန်လာသည့် စစ်ကောင်စီစစ်ကြောင်းအား PDF ပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ် (ပ.က.ဖ) ထံမှ သိရသည်။

မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းမှ ရိက္ခာပို့ပြန်လာသည့် ခန့်မှန်း အင်အား (၄၀)ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းအား ယမန်နေ့ သြဂုတ်လ (၇) ရက်နေ့ နံနက် (၈)နာရီခွဲခန့်တွင် သဲပုံအရှေ့ရွာနှင့် မြေဖြူကျင်းကျေးရွာကြားအရောက်တွင် PDF ပူးပေါင်းတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီစစ်ကြောင်းမှ တပ်ဖွဲ့ဝင် (၄)ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၊ အဆိုပါစစ်ကြောင်းသည် ဇီးတောပျူရွာအတွင်းသို့ ဝင်ရောက်သွားခဲ့ကြောင်း ရေစကြိုမြို့နယ် (ပ.က.ဖ) အဖွဲ့က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့်အတူ ပခုက္ကူခရိုင်တပ်ရင်း အမှတ်(၉)တို့ ပူပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency