လင်းကတောနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ် လက်နက်နှင့်အတူ အလင်းဝင်

လင်းကတောနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ် လက်နက်နှင့်အတူ အလင်းဝင်
နိုဝင်ဘာ 14, 2023 | 2021 Military Coup| အခြားဒေသများ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ် ရဲဇော်ဦး ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ  (၁၄)ရက်နေ့တွင် လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း မြိုင်ပကဖ ထံမှ သိရသည်။

၎င်းသည် မြိုင်-ပကဖ၊ CDF ဟားခါး တပ်ရင်း၂-တပ်ခွဲ ၅၊ ဂန့်ဂေါခရိုင် တပ်ရင်း(၁၉)ထံ ဆက်သွယ်လာပြီး G3 တစ်လက်၊ကျည်ဘောက်တစ်ခု၊ ကျည် (၁၅၀)တောင့်နှင့် အလင်းဝင်ရောက်လာသဖြင့် ဆုကြေးငွေ သိန်း(၅၀)ကျပ် ပေးအပ်ချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပေးပို့ထားကြောင်း သိရသည်။

စစ်သားနှင့် ရဲများအနေဖြင့် အလင်းဝင်ရောက်ကြရန် နှိုးဆော်တိုက်တွန်းထားပြီး တိုက်ခိုက်ရေးအဖွဲ့များ ၁၀၂၇အား ထောက်ခံသောအားဖြင့် တိုက်စစ်ဖွင့်တော့မည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency