မြင်းမူမြို့နယ်အတွင်း ဆီဘောင်ဆာယာဉ်တစ်စီး တိမ်းမှောက်

Photo: မြတ်သုခ ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်း 
Photo: မြတ်သုခ ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်း 
မြင်းမူမြို့နယ်အတွင်း ဆီဘောင်ဆာယာဉ်တစ်စီး တိမ်းမှောက်

စစ်ကိုင်းတိုင်း၊  မြင်းမူမြို့နယ်၊ ကံပြားကျေးရွာအနီးတွင် ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက်(၁၁)နာရီကျော်အချိန်က ဆီဘောက်ဆာယာဉ် တစ်စီးတိမ်းမှောက်မှု ဖြစ်ပွားပြီး ယာဉ်မောင်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

"လူနာတစ်ဦး ယာဥ်မောင်းလို့ သိရပါတယ်။ မြင်းမူဆေးရုံမှာပါ။ အပြင်ဒဏ်ရာ မပေါ်ဘူးခင်ဗျ။ ခေါင်းထိတာနဲ့ နံရိုးနည်းနည်း နာတယ်လို့ ပြောပါတယ်"ဟု   မြတ်သုခ ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းဝင် တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တိမ်းမှောက်မှု ဖြစ်စဉ်မှာ ဆီဘောင်ဆာယာဉ်အား ကျော်တက်လာသည့် ခွေးဘီလူးယာဉ်ကို ရုတ်တရက် ရှောင်လိုက်ရာမှ ယာဉ်တိမ်းမှောက်ခြင်း ဖြစ်ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသူ ယာဉ်မောင်းအား  မြတ်သုခ ကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းက မြင်းမူဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

 

#TachileikNewsAgency