စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာမှ ညောင်ကိုင်းပျူစောထီးရွာသို့ပို့ရန် ရိက္ခာများသယ်ဆောင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း Dragon Urban Guerrila အဖွဲ့ထံမှ သိရသည်။
၂၀၂၄ခုနှစ် ဇူလိုင်လ (၂၇) ရက်နေ့တွင် ရွှေဘိုမြို့နယ် ဇီးဖြူကုန်းရွာမှ ညောင်ကိုင်းပျူရွာသို့ပို့ရန် ကား၊ထွေလာဂျီများဖြင့် ရိက္ခာများသယ်ဆောင်လာသည့် အင်အား (၆၀) ခန့်ပါရှိသည့် စစ်ကောင်စီစစ်ကြောင်းအား ထနောင်းကိုင်းရွာထိပ်တံတားသို့ရောက်ရှိချိန်တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီး (၃၄)လုံး ပစ်ချတိုက်ခိုက်ကြောင်း သိရသည်။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့ပြီး အသေးစိတ်ကို ဆက်လက်စုံစမ်းနေကြောင်း Dragon Urban Guerrila အဖွဲ့က ဆိုသည်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီး (၇)လုံးဝန်းကျင် ပြန်လည်ပစ်ခတ်ခဲ့ပြီး အဆိုပါ လက်နက်ကြီးများသည် နှမသစ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ကာ ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ဒေသခံ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအား DUGF(Dragon Urban Guerrilla)၊ Fire Dragon (Khin U)၊ ရွှေဘိုခရိုင်တပ်ရင်း(၄) နှင့် SNAKE EYES–PDF အဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency