မုံရွာမြို့ ပြည်ထောင်စုလမ်းမကြီးတွင် စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရ

မုံရွာမြို့ ပြည်ထောင်စုလမ်းမကြီးတွင် စစ်ကောင်စီတပ်ဖွဲ့တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ပြည်ထောင်စုလမ်းမကြီးတွင် ငွေကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၂၀၂၃ ခုနှစ် ဩဂုတ်လ (၁၉)ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း  စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးအနက် (၄)ဦးသေဆုံးပြီး တစ်ဦးထံမှ သေနတ်နှင့်ကျည်အချို့ကို သိမ်းဆည်းရရှိသည်ဟု Golden Eagle Force-Monywa က ဩဂုတ်လ (၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်ကို တွေ့ရသည်။

အဆိုပါတိုက်ခိုက်မှုကို Golden Eagle Force-Monywa အဖွဲ့က ပုဏ္ဏက ပြောက်ကျားတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း(၂၄)(Monywa Ranger Group Truth Army)၊ ကြယ်နီတပ်ဦး (PLA)၊ Brother Revolution Force-Monywa နှင့် Ka Naung Min Thar Gyi-Monywaတို့က ပူးပေါင်းဆောင်ရွက်သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

#TachileikNewsAgency