ဂန့်ဂေါမြို့နယ်အတွင်း  ပနန်းကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်ထိမှန် ပျက်စီး

ဂန့်ဂေါမြို့နယ်အတွင်း  ပနန်းကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်ထိမှန် ပျက်စီး
ဧပြီ 20, 2022 | အခြားဒေသများ

မကွေးတိုင်းအတွင်း ဂန့်ဂေါမြို့နယ် ပနန်းကျေးရွာတွင် ဧပြီလ(၁၉)ရက်နေ့က ညအိပ်နားသွားသည့် စစ်ကောင်စီတပ်သည် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကျေးရွာတွင်းရှိ ပြည်သူများ၏ နေအိမ်(၂)လုံး ပျက်စီးခဲ့ရကြောင်း သိရသည်။

ယင်းအပြင် မြစ်သာဆည်တမံတာဘောင်ရိုးအခြေသို့လည်း လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့သည်ဟု PDF-Gangaw - တောင်ပိုင်း က သတင်းထုတ်ပြန်ထားရှိသည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ပနန်းရွာတွင် ညအိပ်ပြီးနောက် ဧပြီလ(၂၀)ရက်နေ့ နံနက်ပိုင်းကစပြီး ပနန်းရွာမှ အရှေ့မြောက်ဘက်သို့ ဦတည်လာကာ နေ့လည်(၂)နာရီဝန်းကျင်အချိန်တွင် ပြင်သာရွာဟောင်း နှင့် မြစ်သာဆည်အကြား တောထဲတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 ညနေ(၅)နာရီအချိန်တွင် စစ်ကောင်စီတပ်သည် မင်းရွာရဲစခန်းတွင် ရောက်ရှိပြီး စခန်းချ ညအိပ်နေသည်သည့်အတွက် ကျေးရွာတွင်းနေ ပြည်သူများ သွားလာသတိထားနိုင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားရှိသည်။

#TachileikNewsAgency

Photo: PDF-Gangaw - တောင်ပိုင်း