စစ်တပ်အာဏာသိမ်းပြီးချိန်မှစတင်ပြီး သုံးနှစ်ကျော်ကာလအတွင်း အမျိုးသမီး ၇၀၀၀ ကျော်နှင့် ကလေးငယ် ၈၀၂ ဦး သေဆုံးခဲ့ရ

စစ်တပ်အာဏာသိမ်းပြီးချိန်မှစတင်ပြီး သုံးနှစ်ကျော်ကာလအတွင်း အမျိုးသမီး ၇၀၀၀ ကျော်နှင့် ကလေးငယ် ၈၀၂ ဦး သေဆုံးခဲ့ရ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးချိန်မှစတင်ပြီး ၂၀၂၄ ခုနှစ် မေလ (၃၁) ရက်နေ့အထိ သုံးနှစ်ကျော်ကာလအတွင်း အမျိုးသမီး ခုနှစ်ထောင်ကျော်၊ ကလေးငယ် (၈၀၂) ဦးနှင့် လူငယ်ပေါင်း နှစ်ထောင်နီးပါး သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၄ခုနှစ် ဇွန်လ (၁၆) ရက်နေ့ ထုတ်ပြန်ချက်အရသိရသည်။

အာဏာသိမ်းပြီး သုံးနှစ်ကျော် ကာလအတွင်း ကလေးငယ် (၈၀၂) ဦး သေဆုံးခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် (၉၅) ဦး ၊ ၂၀၂၂ ခုနှစ်တွင် (၁၇၇) ဦး နှင့် ၂၀၂၃ ခုနှစ်တွင် အများဆုံးအဖြစ် (၃၅၅) ဦးသေဆုံးခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးမှ အများဆုံးသေဆုံးခဲ့ရကြောင်း သိရသည်။

အာဏာသိမ်းပြီး သုံးနှစ်ကျော် ကာလအတွင်း အမျိုးသမီး ခုနှစ်ထောင်ကျော် (၇၀၇၃)ဦး သေဆုံးခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် (၁၀၆) ဦး၊ ၂၀၂၂ ခုနှစ်တွင် (၃၁၄) ဦး နှင့် ၂၀၂၃ ခုနှစ်တွင် အများဆုံးအဖြစ် (၅၉၉) ဦး သေဆုံးခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးမှပင် အများဆုံးသေဆုံးခဲ့ကြောင်း သိရသည်။

အာဏာသိမ်းပြီး သုံးနှစ်ကျော် ကာလအတွင်း လူငယ် နှစ်ထောင်နီးပါး (၁၉၈၃) ဦး သေဆုံးခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် အများဆုံးအဖြစ် (၆၈၃) ဦး ၊ ၂၀၂၂ ခုနှစ်တွင် (၄၂၆) ဦး နှင့် ၂၀၂၃ ခုနှစ်တွင် (၅၉၇) ဦးသေဆုံးခဲ့ကာ စစ်ကိုင်းတိုင်းဒေသကြီးမှပင် အများဆုံးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ နိုင်ငံအနှံ့ရှိ သေဆုံးမှုများတွင် ကလေးငယ်သေဆုံးမှုများမှာ တော်လှန်ရေးကာလအတွင်း သေဆုံးမှုအားလုံးအနက် ၁၁.၃ ရာခိုင်နှုန်းရှိပြီး ၊ အမျိုးသမီးသေဆုံးမှုမှာ တော်လှန်ရေးကာလအတွင်း သေဆုံးမှုအားလုံးအနက် ၁၉.၅ ရာခိုင်နူန်းရှိကာ လူငယ်သေဆုံးမှုမှာ တော်လှန်ရေးကာလအတွင်း သေဆုံးမှုများအားလုံးအနက် ၂၈ ရာခိုင်နူန်းအထိ ရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo: Ministry of Women, Youth and Children Affairs